ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် ထားဝယ် ကျောင်းသားငါးဦးကို ဒဏ်ငွေ ၃ သောင်းကျပ်စီ ချမှတ်

0
516
ဓါတ်ပုံ -အောင်သူ

ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင် နေရ သည့် ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်း သားများသမဂ္ဂမှ ကျောင်းသားငါးဦးကို ထားဝယ်မြို့နယ် တရားရုံးက ငွေဒဏ် ကျပ် ၃၀၀၀၀ စီကျခံရန် ဇူလိုင်လ ၈ ရက်နေ့က အမိန့်ချခဲ့ကြောင်း ကျောင်း သားများထံမှ သိရသည်။


ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည် ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်း သားများသမဂ္ဂမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ တစ်ဦးတို့ကို ပုဒ်မ ၁၈ ဖြင့် ထားဝယ်မြို့နယ် တရားသူကြီးက ရှစ် ကြိမ်မြောက်ရုံးချိန်းတွင် ငွေဒဏ်ကျပ် သုံးသောင်းစီ သို့မဟုတ် ထောင်ဒဏ် တစ်လကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ -အောင်သူ
ဓါတ်ပုံ -အောင်သူ

” နိုင်ငံရေး အခြေအနေအရ ကျောင်း သားတွေ တော်တော်များများ အချုပ်ထဲ ရောက်နေတယ်။ အခုချိန်မှာ ထောင်ကျ ခံလို့ လုံးဝမဖြစ်သေးဘူး။ မလိုအပ်ဘဲ အင်အားဆုံးမှာစိုးလို့ ငွေဒဏ်ကိုပဲ ရွေး လိုက်တယ်” ဟု ငွေဒဏ်သုံးသောင်းကျပ် ကျခံခဲ့ရသူ ဦးဆောင်ကျောင်းသား ကို မင်းလွင်ဦးက ပြောသည်။
ထောင်ကျနိုင်သည်ဟု ယူဆထား သော်လည်း ယင်းသို့ ထောင်ဒဏ်မကျ ဘဲ ငွေဒဏ်ဖြင့် ပြီးပြတ်သွားခြင်းက ကျောင်းသားများအတွက် လှုပ်ရှားရန် အခွင့်အရေးထပ်ရသည်ဟု ထင်မြင်မိ ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။
” ထောင်ကျမယ်ထင်ထားတာ။ အခု ထောင်မကျတော့ အဆင်ပြေသွားတာ ပေါ့” ဟု ၎င်းက ဆိုသည်။
ပုဒ်မ ၁၈ သည် ပြည်သူလူထု၏ ဆန္ဒကို နှိပ်ကွပ်နိုင်ရန် တရားစွဲမည့် ဥပဒေတစ်ခုဖြစ်နေသည့်အတွက် ပုဒ်မ ၁၈ ကို လက်လည်းမခံ၊ အသိမှတ် လည်းမပြုနိုင်သည့်အတွက် နောင်တွင် လှုပ်ရှားမှုများ ပြုလုပ်ဖြစ်မည်ဆိုပါက ခွင့်ပြုချက် တောင်းမည်မဟုတ်ကြောင်း ကိုမင်းလွင်ဦးက ထပ်ဆင့်ပြောသည်။
ပုဒ်မ ၁၈ ဖြင့် ငွေဒဏ်ဆောင်ခဲ့ရသူ ငါးဦးမှာ ကိုမင်းလွင်ဦး၊ ကိုသူရနိုင်၊ ကိုဇင်မောင်ဖြိုး၊ ကိုအောင်သော်လွင်နှင့် မယုဝါလွင်တို့ ဖြစ်ကြသည်။
အထက်ပါ ကျောင်းသားငါးဦးကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ဖမ်းဆီးခံ ကျောင်းသား ပြည်သူများ ပြန်လည်လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးနှင့် အကြမ်း ဖက်မှု အလိုမရှိ စသည့် အချက် သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ကို ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်သည်ဟုဆိုကာ ထားဝယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။