သစ်ကိုင်းကြောင့် မီးပျက်ဟု လျှပ်စစ် ဌာနပြော

0
610

ကံပေါက်ဂက်စ် လျှပ်စစ်မီး မကြာခဏ ပျက်နေသည်မှာ မိုးသက် လေပြင်းကျပြီး သစ်ပင် သစ်ကိုင်းများ ဓာတ်အား လိုင်းပေါ် ကျသောကြောင့်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်း၊ တိုင်းအင်ဂျင် နီယာမှူးရုံးမှ တာဝန်ရှိသူက ပြော သည်။

ကံပေါက် ဓာတ်အားပေးစက်ရုံမှ ထားဝယ် ဓာတ်အားခွဲရုံသို့ သွယ်တန်း ထားသည့် ဓာတ်အား လိုင်းနှင့် သစ်ပင် သစ်ကိုင်းများ ထိမိသည်အခါ ထားဝယ် ဒေသတစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက် မည်ဟု အထက်ပါ တာဝန်ရှိသူက ပြော သည်။ဓာတ်တိုင်နှင့် ဓာတ်အားလိုင်း ဘေးတစ်ဖက်တစ်ချက်တွင် ပေ ၂၀ စီ ခုတ်ထွင် ရှင်းလင်းထားပြီး ဖြစ် သော်လည်း သစ်ပင်သစ်ကိုင်း အသစ်များနှင့် ထိမိနေသည့်အတွက် လိုက်လံခုတ်ထွင်နေရကြောင်း ၎င်းက ရှင်းပြ သည်။

” မီးရ၊ မရတော့ မသိသေးဘူး၊ သစ်ပင်တွေတော့ ကုန်ပြီ” ဟု ဓာတ် အား လိုင်းဖြတ်သန်းသွားပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရသေးသည့် မောင်မယ်ရှောင် ကျေးရွာမှ ရွာခံတစ်ဦးက ဖွင့်ဟသည်။
သစ်ပင်သစ်ကိုင်းများနှင့် ဓာတ် အားလိုင်း ထိသည်ကို တွေ့လျှင် သက်ဆိုင်ရာ ဖုန်းနံပါတ်သို့ အကြောင်း ကြားပါက လျှပ်စစ် ဝန်ထမ်းများက သစ်ပင် လာရှင်း မည်ဖြစ်ကြောင်း သိရသည်။

ကံပေါက်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်း ၅လိုင်း ခွဲပြီး လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသည်ဟု သိရသည်။ ကံပေါက်လျှပ်စစ်မီး စတင် ဖြန့်ဖြူးချိန်ကစပြီး ယခင်ထက် မီးပျက် သည့် အကြိမ်ရေပိုများပြီး သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့နယ်ရပ်ကွက်ကျေးရွာများတွင် ပိုပျက် သည်ဟု သိရသည်။ မီးပျက်သည့် အကြိမ်ရေများ သည့်အတွက် တချို့မှာ လုပ်ငန်း မထိခိုက်ရန် မီးစက်များ ဝယ်ယူနေ ကြသည်ဟု သိရသည်။

ဓာတ်ကြိုးနှင့် သစ်ကိုင်း ထိပါက အသိပေးနိုင်သည့် ဖုန်း နံပါတ်များ
၀၅၉-၂၂၄၅၆၊ ၀၅၉-၂၂၀၈၁
ထားဝယ်မြို့တွင် မီးပျက်ပါက အသိပေးနိုင်သည့် ဖုန်း – ၀၅၉-၂၂၄၅၆