ထားဝယ်ကျောင်းသားများကို ငါးကြိမ်မြောက် ရုံးချိန်းတွင် စွဲချက် တင်

0
504

ပုဒ်မ ၁၈ ဖြင့် တရားစွဲခံ ထားရသည့် ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ကျောင်းသား ငါးဦးကို ငါးကြိမ်မြောက် ရုံးချိန်းတွင် ထားဝယ် မြို့နယ် တရားရုံးက စွဲချက်တင်လိုက် ကြောင်း ကျောင်းသားများထံမှ သိရ သည်။


မတ်လ ၂၇ ရက်နေ့က ထားဝယ် မြို့၊ စည်ပင်သာယာဈေးကြီး တောင်ဘက် တွင် ပြုလုပ်ခဲ့သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုမှ ဖမ်းဆီးခံထားရသည့် ကျောင်းသား ပြည်သူများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံခဲ့ရသည့် ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ တစ်ဦးတို့ကို ဇွန်လ ၅ ရက်နေ့က ရုံးချိန်း စခေါ်ခဲ့ပြီး ငါး ကြိမ်မြောက်ရုံးချိန်း ဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် စွဲချက် တင်လိုက်ခြင်း ဖြစ်သည်။
” တရားရုံးက အပြစ်ရှိတယ်လို့ ယူဆပြီး ဒီနေ့ စွဲချက် တင်လိုက် တာပါ” ဟု တရားစွဲခံထားရသည့် ဦးဆောင် ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုမင်းလွင်ဦးက ပြောသည်။စွက်ချက်တင်ပြီးနောက် ကျောင်းသား များအား အပြစ်မရှိကြောင်း ပြန်ချေပ ခွင့်ပြုခဲ့ရာတွင် ကျောင်းသားများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသား တိုင်း လွတ်လပ်စွာ ငြိမ်းချမ်း စွာစုဝေးခွင့်၊ ဟောပြောခွင့်ရှိ သည်ဆိုသည့် အချက်နှင့် ကျောင်းသားများသည် နိုင်ငံတော်ကို ဆူပူအောင်ပြုလုပ်နေခြင်း မဟုတ်ဘဲ တစ်မျိုးသားလုံး ပညာရေး ကောင်းမွန်ရန် စေတနာဖြင့် လုပ်ဆောင်နေခြင်းတို့ ကြောင့် အပြစ်မရှိကြောင်း ပြန်လည် ချေပခဲ့ကြသည်။
ယခင်ရုံးချိန်း လေးကြိမ်တွင် တရား လိုနှင့် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး ကျောင်းသားများဘက်က မေးခွန်း    မေးခွင့်ရခဲ့သည်ဟု ၎င်းက ဆို သည်။
” ဘယ်လို ဖြစ်လာမှာ လဲဆိုတာက တော့ တရားသူကြီးအပေါ်မှာပဲ မူတည် တာပေါ့” ဟု တရားစွဲ ခံထားရသူတစ်ဦး ဖြစ်သည့် ကိုသော်လွင်အောင်က ဆို သည်။ယင်းကျောင်းသား ၅ ဦးကို လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ တစ်ဦးချင်း စစ်ဆေးရန်အတွက် ရုံးချိန်း ထပ် ခေါ်ထားသည်ဟု သိရသည်။
ကျောင်းသားများကို ခွင့်ပြုချက် မရှိဘဲ  စီတန်း လှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ကြောင့် ထားဝယ်မြို့ နယ်ရဲတပ်ဖွဲ့မှူးက မတ်လ ၂၇ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် ဆန္ဒ ထုတ်ဖော်မှု အပြီးတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။