အလင်းရောင်အတွက် ရေနံဆီမီးကို တတိယအများဆုံးသုံး

0
400

တနင်္သာရီတိုင်းဒေသကြီးအတွင်း အလင်းရောင်အတွက်ရေနံဆီမီးကို တတိယအများဆုံး အသုံးပြုနေကြောင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပင်မရလဒ်အစီရင်ခံစာအရသိရသည်။


တိုင်းအတွင်း မီးအလင်းရောင် အတွက်ပုဂ္ဂလိက မီးစက်ဖြင့်အသုံးပြု သည့်အိမ်ထောင်စုအရေအတွက်မှာ အများဆုံးဖြစ်ပြီး ဒုတိယအသုံးအများဆုံးမှာဖယောင်းတိုင်မီးဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာအရသိရသည်။
တိုင်းဒေသကြီးအတွင်း အိမ်ထောင် စုစုစုပေါင်း နှစ်သိန်းရှစ်သောင်းကျော်တွင် ရေနံဆီမီးအသုံးပြုသည့် အိမ်ထောင်စုငါး သောင်းကျော်ရှိကြောင်း ယင်းအစီရင်ခံစာ တွင်ဖော်ပြသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ပင်မရလဒ်အရ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအနိမ့်ဆုံး ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးဖြစ်ပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးအသုံးပြုမှု၏ ၈ ရာခိုင်နှုန်းသာရှိကြောင်း သန်းခေါင် စာရင်း ရလဒ်ထုတ်ပြန်ခြင်း အခမ်းအနား တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားခဲ့သည်။

အလင်းရောင်အတွက် အဓိကအသုံးပြုသည့် မီးအမျိုးအစားအလိုက်အိမ်ထောင်စုအရေအတွက်

နေရာ စုစုပေါင်း အိမ်ထောင်စု လျှပ်စစ်မီး ရေနံဆီမီး ဖယောင်းတိုင်မီး ဘက်ထရီမီး မီးစက် ရေအားလျှပ်စစ်(ပုဂ္ဂလိက) နေရောင်ခြည်စွမ်းအင်သုံး

(ပုဂ္ဂလိက)

အခြား(ဆိုလာပြား)
 ထားဝယ်ခရိုင်   ၁၀၄၀၉၂  ၄၆၅၇  ၁၈၇၉၈   ၁၉၃၄၉ ၇၁၇ ၅၂၄၂၅ ၁၀၃၉ ၂၂၆၉ ၆၃၈
မြိတ်ခရိုင်    ၁၃၂၉၁၉ ၁၅၅၁၁ ၂၈၈၇၂   ၃၁၄၄၈ ၈၆၆ ၅၄၁၈၁ ၈၂၅ ၄၁၂၃ ၁၂၉၃
ကော့သောင်းခရိုင်     ၄၆၀၈၈  ၂၅၈၆ ၂၆၀၄   ၁၁၂၈၀  ၆၁၂ ၂၇၂၁၈ ၃၇၆  ၈၇၉  ၅၃၃
တနင်္သာရီတိုင်း   ၂၈၃၀၉၉ ၂၂၇၅၄ ၅၀၂၇၄    ၆၂၀၇၇ ၂၁၉၅ ၁၃၃၈၂၄ ၂၂၄၀   ၇၂၇၁ ၂၄၆၄