ထားဝယ်တွင် တရားစီ ရင်ရေးမဏ္ဍိုင်ကို တစ်ကိုယ်တော်ဆန္ဒပြ

0
679

အမွေဆိုင်အိမ်ကိစ္စကို ဥပဒေနှင့် အညီ မဆောင်ရွက်ပေးဟုဆိုကာ ထား ဝယ်တွင် ဇွန် လ ၁ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရှေ့တွင် တရားစီရင်ရေးမဏ္ဍိုင်ကို ပထမဆုံး တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ သည်။
အမွေဆိုင်အိမ်ကို ညီဖြစ်သူက အရောင်းအဝယ် ပြုလုပ်သည့်ကိစ္စတွင် ဝယ်သူက နေအိမ်ကို မရသောကြောင့် ညီဖြစ်သူအား တရားစွဲသည့်အမှုတွင် ထားဝယ်ခရိုင်တရားရုံးက ဝယ်သူ ဘက်ကို အနိုင်ပေးခဲ့သည်။

ထို့နောက် နေအိမ်တွင် ၀ရမ်း လာကပ်စဉ် ကန့်ကွက်ခဲ့သည်ကို ထား ဝယ်ခရိုင်တရားရုံးက ဥပဒေနှင့် အညီ ဆောင်ရွက် မပေးသည့်အတွက် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း တစ်ကိုယ် တော် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးသိန်း ဇော်က ပြောသည်။
” တရားမကျင့်ထုံး ဥပဒေ ၂၁ နည်း ၅၈(၁) အရ ကန့်ကွက်တဲ့သူကို တရားရုံးက ခေါ်ပြီး ဘာကြောင့် ကန့် ကွက်ရသလဲ စစ်ဆေးမေးမြန်းရမယ်။ အခုက ဒီလိုဘာမှ မလုပ်ဘူး” ဟု ညီဖြစ်သူ အရောင်းအဝယ်ပြုလုပ်ခဲ့သော အမွေဆိုင်အိမ်တွင် နေထိုင်သည့် ဦး သိန်းဇော်က ဆိုသည်။
သို့သော် ထားဝယ်မြို့နယ် တရား ရုံးမှ ၀ရမ်းကပ်သည်ကို နှောင့်ယှက် သည့်အတွက်ဟုဆိုကာ ပြစ်မှုပုဒ်မ ၁၇၃ ဖြင့်တရားစွဲကာဒဏ်ငွေ ငါးရာ ကျပ် အမိန့်ချခံခဲ့ရသည်ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင် တရားရုံးသို့စာဖြင့် တင်ပြခြင်း၊ လူကိုယ်တိုင် သွားရောက် တွေ့ဆုံတင်ပြခြင်းတို့ လုပ်ဆောင်ခဲ့ သည့်အပြင် တိုင်းဒေသကြီးတရားသူကြီး ချုပ်ကိုလည်း အထောက်အထားများ နှင့်တကွ စာဖြင့် တင်ပြခဲ့သော်လည်း ဖြေရှင်းမပေးသောကြောင့် ဆန္ဒထုတ် ဖော်ရခြင်းဖြစ်သည်ဟု ဦးသိန်းဇော်က ဆိုသည်။
” ဒီလောက် အထောက်အထား တွေနဲ့ တင်ပြနေတာတောင် မလုပ် ပေးဘူးဆိုတော့ တရားမကြောင်း နား မလည်တဲ့သူတွေဆိုရင် တရားရုံးတွေ လက်ချက်နဲ့ ဘယ်လောက်ခံနေရမလဲ” ဟု ၎င်းက ပြောသည်။

ဦးသိန်းဇော်သည် နေအိမ်အရောင်း အဝယ်ကိစ္စ တရားစွဲဆိုသည့်အမှုတွင် ပါဝင်ခြင်းမရှိသောကြောင့် အဆိုပါ အမှုကိစ္စကြောင့် မိမိအားနစ်နာစေ သည်ဟု ယူဆပါက အမှုဖြစ်သည့် ခရိုင်တရားရုံးတွင် လုပ်ထုံးလုပ်နည်းနဲ့ အညီ လျှောက်ထားသင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် မှ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက ပြောသည်။

” တရားရုံးဆိုတာက တင်ပြတာ၊ အကြောင်းကြားတာတွေ အကျုံး မဝင် ဘူး။ သတ်မှတ် လုပ်ထုံးလုပ်နည်း တွေနဲ့အညီ လျှောက်ထားမှ လက်ခံ စဉ်းစားမှာ။ လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးလုပ် သင့်တယ်” ဟုအထက်ပါတိုင်းဒေသကြီး တရားရေးဦးစီးမှူးက ဆိုသည်။
အထက်ပါ အမွေဆိုင်အိမ်သည် ဦးသိန်းဇော်အပါအဝင် မောင်နှမ သုံး ဦးပိုင်ဆိုင်သည့် နေအိမ်ဖြစ်ပြီး ၂၀၀၇ ခုနစ်က မွေး/ရေးဘဏ် (ယခုကမ္ဘာ့ရတ နာ ဘဏ်) တွင် အိမ်စာချုပ်ကိုပေါင်နှံကာ ငွေချေးယူခဲ့ပြီး ညီဖြစ်သူက အိမ် အရောင်းအဝယ် စာချုပ်ကို၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ချုပ် ဆိုခဲ့ကာ ဘဏ်တွင်၂၀၁၁ ခုနစ် ဇွန်လ ၁၄ ရက်နေ့တွင် အိမ်စာချုပ်ကို ပြန် လည်ထုတ်ယူ ရောင်းချခဲ့ပြီးနောက် နေအိမ်အား ဝယ်သူလက်မအပ်နိုင်သဖြင့် ဝယ်သူက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းဇော်ထံမှ သိရသည်။
ယင်း ဆန္ဒထုတ်ဖော်ခြင်းသည် ထားဝယ်ခရိုင်တွင် ပထမဆုံးအကြိမ် တကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။