သီဟိုဠ်ဈေး စံချိန်တင် မြင့်တက်

0
632

ဒေါ်လာ ဈေးတက်လာခြင်းနှင့် တရုတ်နယ်စပ်ဘက်မှဝယ်လို အား မြင့်တက်လာခြင်း တို့ကြောင့် ယခုနှစ် တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သည့် သီဟိုဠ်ဈေး စံချိန်တင်မြင့်တက်လျက် ရှိကြောင်း ထားဝယ် သီဟိုဠ်ဈေးကွက် အတွင်းမှ သိရသည်။

ဈေးအမြင့်ဆုံး တက်ခဲ့သည့် ပြီး ခဲ့သည့်နှစ်က သီဟိုဠ်အချော တစ် ပိသာကိုကျပ် ၁၃၆၀၀ အထိ တက် ခဲ့ပြီး ယခုနှစ် လက်ရှိအချိန်တွင် တစ်ပိ ဿာကို ကျပ် ၁၃၇၀၀ အထိ မြင့် တက်လျက်ရှိ သည်ဟု ထားဝယ်မြို့မှ သီဟိုဠ်ထုတ် လုပ်တင်ပို့ရောင်းချသူ ဦးသူရက ပြောသည်။