ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၄၀ နီးပါးဆောက်ရန် တင်ဒါခေါ်

0
565

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်ကျေးလက်ကျန်းမာရေးဌာနှင့် ဌာနခွဲ ၄၀ နီးပါးကိုဆောက်လုပ်ရန်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများမှတဆင့်အိတ်ဖွင့် တင်ဒါခေါ်ယူထားသည်။


ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများကို ထားဝယ်တွင် ၅ ခု၊ သရက်ချောင်းတွင်  ၄ ခု၊ လောင်းလုံးတွင် ၄ ခု၊ ရေဖြူတွင် ၃ ခု၊ မြိတ်တွင် ၂ ခု၊ ပုလောတွင် ၅ ခု၊ ကျွန်းစုတွင် ၃ ခု၊ တနင်္သာရီတွင် ၃ ခု၊ ကော့သောင်းတွင် ၂ ခုနှင့်ဘုတ်ပြင်းတွင် ၅ ခု စုစုပေါင်း ၃၇ ခုကိုဆောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တင်ဒါစိစစ် ရေးကော်မတီမှတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ကြေညာထားသည်။
တိုင်းဒေသကြီးအတွင်း ကျေးလက် ကျန်းမာရေးဌာန / ခွဲအဆောက်အဦများ နှင့် ဝန်ထမ်းအိမ်ရာများအပြင် ဒေသန္တရ ကျန်းမာရေးဌာနနှင့်မိခင်ကလေး ကျန်းမာရေးဌာနအဆောက်အဦများ၊ အ ထွေထွေရောဂါကုဆေးရုံကြီးများတွင် တိုးချဲ့လူနာဆောင်နှင့် ဆရာဝန် အိမ်ရာများ၊ ထားဝယ်မြို့နယ်တွင် ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံ၊ ထားဝယ်သူနာပြု သင်တန်းကျောင်းနှင့် မြိတ်သားဖွား သင်တန်းကျောင်းတို့တွင် အဆောက်အဦများ စသဖြင့်ဆောက်လုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာမှတဆင့်အိတ်ဖွင့်တင်ဒါများ ခေါ်ယူထားသည်။