ထားဝယ် ဘုရားကြီးတွင်ထားမည့် ကြေးခေါင်းလောင်း မေ ၃၀ ရောက်မည်

0
700

ထားဝယ်မြို့ ဘုရားကြီးဝင်းတွင် ထားမည့် မဟာဝိဇယခေမသီတ နိဗ္ဗု တဃောသ မဟာခေါင်းလောင်းတော် ကြီးကို မေလ ၃၀ ရက်နေ့တွင် ထား ဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရ သည်။


မေလ ၂၅ ရက်နေ့တွင် မန္တလေးမှ ထားဝယ်မြို့သို့ စတင်သယ်ယူမည်ဖြစ် ပြီး လမ်းတစ်လျှောက်ရှိ မော်လမြိုင်မြို့ ကလိန်အောင်မြို့နယ်ခွဲ၊ မောင်မယ် ရှောင်ကျေးရွာများက အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။

big-bell-for-daweiu
ခေါင်းလောင်း တော်ကြီးသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဖြစ် သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်း ခေါင်း လောင်းတော်ကြီးနှင့် ပုံစံတူ အရွယ်တူ ဖြစ်ကြောင်း သိရသည်။
အလေးချိန်      ပိဿာ ၁၂၀၀၀  ဝန်း ကျင်ရှိသည့် ယင်းခေါင်းလောင်း၏ အမြင့် မှာ ၁၂ပေ၊ အချင်းမှာ ၇ပေခွဲနှင့် ခေါင်း လောင်းချိတ်ဆွဲမည့်ကိုင်းသည် ၅ ပေ ရှိသည်ဟု သိရသည်။
ယင်းခေါင်းလောင်းကို မန္တလေး တိုင်းဒေသကြီး၊  အမရပူရမြို့၊ တမ္ပ၀တီ ရပ်ကွက်တွင် သွန်းလောင်းခဲ့သည်။