အင်ဒိုမှပြန်လာမည့် ကျွန်ပြုခံရေလုပ်သား ၅၀၀ ဝန်းကျင်တွင် တနင်္သာရီတိုင်းမှ ၆၀ကျော်ပါ

0
518

 

အင်ဒိုနီးရှားနိုင်ငံရှိငါးဖမ်းသင်္ဘောများတွင်ကျွန်ပြုခံရသည့်မြန်မာ့ရေလုပ်သား ၄၉၇ ဦးအနက် တနင်္သာရီတိုင်း ဒေသကြီးမှရေလုပ်သား ၆၀ ကျော်ပါ သည်ဟု အင်ဒိုနီးရှားနိုင်ငံမှ မြန်မာ့ရေ လုပ်သားများအား ပြန်လည်ခေါ်ယူမည့် လူမှုဝန်ထမ်း ဦးစီးဌာနစာရင်းအရသိရ သည်။
မြန်မာနိုင်ငံသို့မေလ ၁၄ ရက်နေ့တွင်ပြန်ရောက်လာသောရေလုပ်သားများ အနက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်မှ ရေလုပ်သား ၂ဦး၊ မြိတ်ခရိုင်မှ ရေလုပ်သား ၅ဦး၊ကော့သောင်းခရိုင်မှ ၅ဦး စုစုပေါင်း ၁၂ ဦးတို့သည် မေလ ၁၆ ရက်နေ့တွင်လေယာဉ်ဖြင့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ရောက် ရှိလာခဲ့သည်။
ကျန်ရှိနေသည့်မြန်မာရေလုပ်သားများကိုအသုတ် ၃ သုတ်ခွဲကာမေလ ၁၇ ရက်နေ့၊၁၈ရက်နေ့နှင့် ၂၂ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ ကို ကိုးကားပြီး မေလ ၁၅ ရက်နေ့ထုတ်

worker
ဓါတ်ပုံ – တင့်လွင်

The Voice နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။
မေလ ၁၇ရက်နေ့တွင် ထပ်ခေါ်မည့် မြန်မာ့ရေလုပ်သားများအနက် တနင်္သာရီတိုင်းဒေသကြီးမှ ရေလုပ်သား ၂၁ ဦးပါဝင်မည်ဟု  လူမှုဝန်ထမ်းဦးစီး ဌာနစာရင်းအရ သိရသည်။
ရေလုပ်သားများသည် အင်ဒိုနီးရှားနိုင်ငံရှိ တူရယ်ကျွန်းနှင့် ဘန်ဂျီးနားကျွန်းတို့မှ ငါးဖမ်းသင်္ဘောများ၌ လုပ်ကိုင်လျက်ရှိပြီး အများစုသည် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်ကြောင်း ရေလုပ်သားများကပြောသည်။
” ဒီနေရာကိုမြန်မာနိင်ငံသားတွေ လုံးဝ မသွားစေချင်ဘူး” ဟု ဘန်ဂျီးနားကျွန်း ရှိကာ ငါးဖမ်းသင်္ဘောတွင် ၇ နှစ်ခန့်လုပ်ကိုင်ပြီး လစာမရရှိသူ ကံပေါက်ကျေးရွာမှ ကိုနိုင်ထွန်းက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံရှိငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံရသူ မြန်မာရေလုပ်သားများကို ပထမအသုတ်အဖြစ်မေလ ၉ ရက်က ၁၃ဦးကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေး ခဲ့သည်။
ယင်းကျွန်းများတွင်ကျွန်အဖြစ်ဖမ်းဆီးခံရပြီး ခိုင်းစေခံထားရသည့်ရေလုပ်သားများကိစ္စနှင့်ပတ်သက်၍ ဗဏ သတင်းဌာနက စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။