ထားဝယ်မြို့သစ် နှစ်ခုတွင် ဈေးဆောက်ရန် အစီအစဉ် မရှိသေး

0
778
ဘုမ္မမော်ဈေးအတွင်း တစ်နေရာ။ ဓာတ်ပုံ - အောင်သူ

ထားဝယ်မြို့ရှိ ဝဲကျွန်းနှင့် ဆန်းချီ မြို့သစ်နှစ်ခုတွင် ပျံကျဈေး ဆောက် လုပ်ရန် အစီအစဉ် မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး စည်ပင် သာ ယာရေးဝန်ကြီး ဦးအောင်ကျော်ကျော် ဦးက ပြောကြားသည်။

ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆန်းချီနှင့် ဝဲကျွန်း မြို့သစ်နှစ်ခု၌ ပျံကျ ဈေးနှစ်ခု ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ ကို သရက်ချောင်း မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဦးငွေဝင်း၏ မေးခွန်းနှင့် ပက်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ် သည်။

ဘုမ္မမော်ဈေးအတွင်း တစ်နေရာ။		 ဓာတ်ပုံ - အောင်သူ
ဘုမ္မမော်ဈေးအတွင်း တစ်နေရာ။ ဓာတ်ပုံ – အောင်သူ

ဆန်းချီမြို့သစ်တွင် ဈေးဆောက် လုပ်ရန် မြေနေရာကို ၁၆၀ ပေ _ ၁၂၀ ပေ လျာထားသော်လည်း လက်ရှိ အခြေအနေတွင် ရုံးနှင့် နေအိမ် အဆောက်အအုံများ ဆောက်လုပ် နေဆဲကာလ ဖြစ်သည့်အတွက် လူစည် ကားမှုမရှိသေး သောကြောင့် ဈေး ဆောက် လုပ်ရန် အစီအစဉ် မရှိသေး ကြောင်း ဝန်ကြီး ဦးအောင်ကျော် ကျော်ဦးက ပြောကြားသည်။
ဝဲကျွန်းမြို့သစ်တွင်မူ ဈေးဆောက် လုပ်ရန် သီးခြားသတ်မှတ် ထားသည့် မြေနေရာ မရှိသည့်အပြင် စည်ပင် သာယာရေးအဖွဲ့မှ ပိုင်ဆိုင်သည့် မြေလွတ် မရှိခြင်းကြောင့် ဈေးဆောက် လုပ်ရန် အစီအစဉ်မရှိသော်လည်း ယင်း မြို့သစ်တွင် နေထိုင်သူများအနေဖြင့် ၎င်းတို့၏ ခြံတွင် ကိုယ်ပိုင်ဈေးဖွင့်လှစ် ရန်တင်ပြလာပါက စိစစ်ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” ကမ်းနားဈေး သွားလိုက်၊ ဆန်းချီ ဈေးသွားလိုက်နဲ့ ဈေးသွား ရတာနဲ့ကို အချိန်ကုန်တယ်။ တက္ကစီခ ကလည်း ရှစ်ရာ၊ တစ်ထောင် လောက် ပေးရတယ်။ နီးနီးနားနား ဈေးရနိုင် မယ်ဆိုရင် လိုချင်တယ် ” ဟု ဆန်းချီ မြို့ပြစီမံကိန်း ဧရိယာအတွင်းရှိ ဝန်ထမ်းအိမ်ရာ အဆောင် ၄ တွင် နေထိုင်သည့် ဆရာမ တစ်ဦးက ပြောသည်။
ထားဝယ်မြို့တွင် စည်ပင်သာယာ ရေးအဖွဲ့ပိုင် ဈေးများဖြစ်သည့် ကမ်း နားဈေး၊ မြို့မဈေးကြီး၊ မင်္ဂလာ ဈေးနှင့် စည်ပင်သာယာရေး အဖွဲ့မှ ကြီးကြပ် သည့် ကိုယ်ပိုင်ဈေးများဖြစ်သော အိုးလုပ်ဈေး၊ ကရပ်ပြင်ဈေး၊ ဆန်ချီဈေး၊ ထိန်သစ်ဈေး၊ ထိန်သစ် တိုးချဲ့ဈေး၊ ကြက်စားပြင်ဈေး၊ ဒေါင်းငူဈေး၊ တဂူသိမ်ဈေး စသည့် ဈေးကြီး ၃ ခုနှင့် ကိုယ်ပိုင်ဈေး ၈ ဈေးတွင် ဆိုင်ခန်းပေါင်း ၁၀၁၇ ခန်းနှင့် ပျံကျ ဆိုင်ခုံပေါင်း ၁၄၉၅ ခုံ ရှိသည့် အတွက် မြို့ပြ လူဦးရေ ၈ သောင်းဖြင့် နှိုင်းယှဉ်ပါက မျှတသော အချိုးကျမှု ရှိကြောင်း စည်ပင်သာယာရေး ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။