တနင်္သာရီသင်္ကြန် လုံခြုံရေးတိုးမြှင့်မည်

0
534
ပြီးခဲ့သည့် နှစ် သင်္ကြန်အတွင်းက လုံခြုံရေးများကို တွေ့ရစဉ် / ဓာတ်ပုံ - အောင်သူ

တနင်္သာရီတိုင်းဒေသကြီးအတွင်း လာမည့် သင်္ကြန်ကာလတွင် လုံခြုံရေးကို ပုံမှန်ထက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

လုံခြုံရေးတိုးမြှင့်ရာတွင် ရဲတပ်ဖွဲ့အင်အားအပြင် ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည့် ကား၊ ခေတ်မီစောင့်ကြည့်ကိရိယာများဖြစ်သည့် လုံခြုံရေးကင်မရာများ၊  မိုင်းရှာစက်ကဲ့သို့သော လုံခြုံရေးပစ္စည်းများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ် သင်္ကြန်အတွင်းက လုံခြုံရေးများကို တွေ့ရစဉ်  / ဓာတ်ပုံ - အောင်သူ
ပြီးခဲ့သည့် နှစ် သင်္ကြန်အတွင်းက လုံခြုံရေးများကို တွေ့ရစဉ် / ဓာတ်ပုံ – အောင်သူ

“မဏ္ဍပ်တိုင်းမှာလည်း  လုံခြုံရေးရဲတပ်ဖွဲ့တွေကို ချထားမယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုင်းဒေသကြီး၏ ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးကင်မရာများ ယခင်နှစ်က ၄ လုံးသာ တပ်ဆင်ခဲ့ရာမှ ယခုနှစ်တွင် ၈ လုံးအထိ တပ်ဆင်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်စေရန်နှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။