ကမြောကင်း တံတားအနီး မြေဈေးလှုပ်

0
609

ထားဝယ်မြို့ ကမြောကင်းတံတား အနီး ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမိတက် (DDPC)မှတည်ဆောက်မည့် SHOPPING HOUSE စီမံကိန်းဝန်းကျင်ရှိ မြေကွက် ဈေးနှုန်းများ လှုပ်နေကြောင်း ထားဝယ် မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကမြောကင်းလမ်းနှင့် ၇ လမ်းတို့ကို ဆက်သွယ်ရန်လမ်းပိုင်းအား ပြီးခဲ့ သည့်နှစ်က DDPC ကုမ္ပဏီက လမ်းခင်း ပြီးနောက် ၇လမ်း ထိပ်ရှိ ၄၀_၈၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀၀ ကျော်ဈေးနှုန်း ပေါက်ဈေးရှိရာမှ ယခုအခါကျပ်သိန်း ၁၀၀၀ ကျော်ခေါ်ဈေး ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောဆိုသည်။
” ကမြောကင်း တံတားအနီး မြေကွက်များ ဈေးနှုန်းပိုကောင်းလာနိုင် တယ်” ဟု အထက်ပါအိမ်ခြံမြေ အကျိုးဆောင်ကဆိုသည်။
ယင်းစီမံကိန်းနေရာတွင် ယခင် တပ်မတော်အစိုးရလက်ထက်က ထားဝယ် ဒေသခံများက ဆိုင်ခန်းများ ဖွင့်လှစ်ကာ ရောင်းချခဲ့သည်။
အစိုးရသစ်လက်ထက်တွင်ဖယ်ရှား ပေးခဲ့ရကာ DDPC မှ ယင်းနေရာတွင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ဆောက်လုပ်ရန်အကောင်အထည်ဖော် လာခဲ့ခြင်း ဖြစ်သည်။