ပန်းရဲ့လမ်း တေးဂီတအဖွဲ့ ထားဝယ်တွင် လှည့်လည် ဖျော်ဖြေ

0
738

ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ဖြစ် ပန်းရဲ့လမ်း တေးဂီတ အဖွဲ့မှ ဖျော်ဖြေရေးယာဉ်ဖြင့် ထားဝယ် ခရိုင်အတွင်း မတ်လ ၂၂ရက် နေ့မှ ၂၇ ရက်နေ့ အထိ လှည့်လည် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - ဖိုးဇော်
ဓါတ်ပုံ – ဖိုးဇော်

ဖျော်ဖြေရေး အစီအစဉ်အဖြစ် ရေဖြူမြို့နယ်တွင် ၂၂ ရက်နေ့ ညနေမှ ၂၃ ရက်နေ့ ညနေအထိ၊ လောင်းလုံး မြို့နယ်တွင် ၂၃ ရက်နေ့ ညနေမှ ၂၄ ရက်နေ့ညနေအထိ၊ ထားဝယ်မြို့တွင် ၂၄ ရက်နေ့ ညနေမှ ၂၆ နံနက်အထိ၊ သရက်ချောင်းမြို့နယ်တွင် ၂၆ နံနက်မှ ၂၇ ညအထိ လှည့်လည် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ဒီဇင်ဘာ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင်လည်း ထား ဝယ်မြို့အတွင်း လှည့်လည်ဖျော်ဖြေခဲ့ ဖူးသည်။