Dawei Watch မှာလစဉ်ကြေး တစ်လ ဘတ် ၁၀၀ နဲ့ အမာခံ အဖွဲ့ဝင် ဖြစ်နိုင်ပါပြီ။ ဒီဘတ် ၁၀၀ က အခုလိုမျိုး ကာလမှာ အရေးကြီးတဲ့ ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ ကူညီပေးရာရောက်ပါတယ်။
ဒီထက် အရေးကြီးတာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ တနင်္သာရီတိုင်းက အင်တာနက်၊ ဖုန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ မြေပြင်က ပြည်သူတွေ သတင်းတွေ သိနိုင်ဖို့ Dawei Watch က တနင်္သာရီစာစောင်တွေ အခမဲ့ဖြန့်ဝေနေပါတယ်။ လစဉ်ကြေးထဲက ၅၀ ဘတ်ကို စာစောင်ဖြန့်ဝေရာမှာ အသုံးပြုသွားမှာဆိုတော့ ဒီအစီအစဥ်မှာ အမာခံ အဖွဲ့ဝင်တွေလည်း ပါဝင် အားဖြည့်နိုင်ပါပြီ။
အဖွဲ့ဝင်များလေလေ မြေပြင်မှာ စာစောင်တွေ များများရောက်လေဖြစ်မှာပါ။ ဒါ့အပြင် အမာခံ အဖွဲ့ဝင်တွေ အနေနဲ့ အခြားအကျိုးခံစားခွင့်တွေလည်း ရှိပါသေးတယ်။
အမာခံ အဖွဲ့ဝင် အကျိုးခံစားခွင့်များ
• တစ်လလျှင် ဘတ် ၅၀ တန်ဖိုးရှိ စာစောင်တစ်စောင်ကို အင်တာနက်မရတဲ့ ရွာတွေမှာပါဝင် လှူဒါန်းခွင့်
• အယ်ဒီတာထံသို့ အကြံပြုချက်များ၊ သတင်းစကားများ တိုက်ရိုက်ပေးပို့ခွင့်
• တနင်္သာရီစာစောင်ကို တစ်လ နှစ်ကြိမ် အီးမေးလ်ဖြင့် အခမဲ့ဖတ်ရှုနိုင်ခွင့်
ဒါ့အပြင် အဖွဲ့ဝင်များရဲ့ အကြံပြုချက်တွေကို ပုံမှန် တောင်းခံပြီး နောက်ပိုင်းထပ်တိုး ရရှိလာမယ့် ခံစားခွင့်တွေလည်း ရဦးမှာဖြစ်ပါတယ်။