ပြင်သစ်ဆီမှာ ဒီလိုထူးခြားတဲ့ အစဉ်အလာ မှတ်တမ်းလေးရှိတယ်
diz_admin
December 14, 2022ပြင်သစ်ရဲ့ထူးခြားမှတ်တမ်း အချက်အလက်တစ်ခုက ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်လို့ နေပါတယ်။ ပြင်သစ်ဟာ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲက ပြင်သစ်ရဲ့ထူးခြားချက်ကို ပြောပြချင်ပါတယ်။ ပြင်သစ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ နောက်ခံလူ လီလီသူရမ်ရဲ့သွင်းဂိုးတွေနဲ့အတူ ပြင်သစ်က ခရိုအေးရှားကို အနိုင်ရရှိခဲ့ပါတယ်။ ဖိုင်နယ်မှာ ပြင်သစ်က ဘရာဇီးကို ဆက်လက် အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပြင်သစ်က ပေါ်တူဂီနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကနေတဆင့် ဇီဒန်းက သွင်းယူပေးသွားခဲ့ပါတယ်။ ကွင်းလယ်လူ သွင်းယူပေးတဲ့ဂိုးပါ။ အဲ့ဒီတစ်ကြိမ်မှာတော့ ပြင်သစ်က ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ […]