မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ရန် မောင်မောင်လွင်ကို AFF ရွေးချယ်
Dawei Watch
April 17, 2025အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသော ခြေစမ်းပွဲတွင် ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။ မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့သည် လာမည့် မေလ ၂၈ ရက်တွင် မလေးရှားနိုင်ငံရှိ ဘူကစ်ဂျာလီကွင်းကြီးတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲ၌ ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင် ကို ရွေးချယ်လိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က မြန်မာဘောလုံးအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားထားပြီဖြစ်သည်။ မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ၎င်းကိုယ်စားပြုကစားနေသော ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC […]