ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝယ်စရာ

အရှေ့တောင်အာရှတွင် သေဒဏ်ပေးမှု ကျဆင်းလာ

Dawei Watch

February 13, 2026

အရှေ့တောင်အာရှနိုင်ငံများတွင် သေဒဏ်ပေးမှုကို ကန့်သတ်လျှော့ချလာကြပြီး သေဒဏ်ပေးမှု ပယ်ဖျက်ရေးသို့ သတိကြီးစွာ တဖြည်းဖြည်း ချဉ်းကပ်ဆောင်ရွက်လာကြောင်း DW (Deutsche Welle) သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံအနက် ၈ နိုင်ငံ၌ သေဒဏ်ပေးမှုကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အရှေ့တီမောနိုင်ငံတို့တွင်သာ သေဒဏ်ပေးမှုကို ဥပဒေကြောင်းအရ ပယ်ဖျက်ထားသည်။ သို့ရာတွင် သေဒဏ်ဆက်လက်ထားရှိသည့် အရှေ့တောင်အာရှနိုင်ငံအများစုသည် သေဒဏ်စီရင်မှုကို လက်တွေ့တွင် ရပ်ဆိုင်း ထားသည့် အလေ့အထကို လိုက်နာလာကြပြီး အချို့သောပြစ်မှုများအတွက် မဖြစ်မနေ သေဒဏ်ပေးမှုကို ပယ်ဖျက်ရန် ဥပဒေအသစ်များကို ပြဋ္ဌာန်းလာကြသည်။ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က ပြစ်မှုရှစ်မျိုးအတွက် သတ်မှတ်ထားသော သေဒဏ်ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ သေဒဏ်ပေးနိုင်သည့် ပြစ်မှုအရေအတွက်မှာ ၁၈ မျိုးမှ […]

တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်မယ်ဆို

diz_admin

September 27, 2022

ငွေကြေးအရဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစီးချင်လို့ ဖြစ်ဖြစ် တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်ဘာတွေ အဓိကကြည့်သင့်လဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်သူအချို့က အရှေ့မီး၊ အချက်ပြ၊ တာယာ စတဲ့ အပြင်ပန်းတွေကိုပဲ ကြည့်ပြီး ဝယ်လေ့ရှိတဲ့အတွက် တစ်ကယ်အရေးကြီးတဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။ ဆိုင်ကယ်ဝယ်တဲ့အခါ နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဝယ်လေ့ရှိပေမယ့် ကိုယ်တိုင်က အခြေခံအချက်တွေသိထားရင် ပိုကောင်းတာပေါ့။ ပထမဆုံးအချက်အနေနဲ့ ဆိုင်ကယ်ဝယ်တော့မယ်ဆို ကိုယ်က ငွေဘယ်လောက် သုံးမလဲဆိုတာ စဉ်းစားရမှာပါ။ ပြီးရင် ဂီယာဘီး စီးချင်တာလား၊ အော်တိုဂီယာ စီးချင်တာလားဆိုတာ ကြိုပြီး ဆုံးဖြတ်ထားဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်ထားရင် တစ်ကယ်သွားဝယ်တဲ့အချိန်ဆို ဆိုင်ကယ်အများကြီးကို သွားကြည့်စရာမလိုတော့ဘဲ ပေးရတဲ့ငွေနဲ့ တန်တဲ့ ဆိုင်ကယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ စီးထက်မနည်းကိုတော့ ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဆိုလိုတာက ဆိုင်ကယ်အများကြီးကိုကြည့်မိရင် စိတ်ဝေဝါးသွားပြီး […]

လိုတဲ့ပေအရှည်၊ ဂိတ်အထူအပါး မှာယူနိုင်တဲ့ သွပ်ပြားစက်ရုံ

diz_admin

February 20, 2020

သွပ်ပြားဝယ်ယူမယ့်သူက လိုအပ်တဲ့ ပေအရှည်၊ လိုအပ်တဲ့ ဂိတ်အထူ အပါးအလိုက် မှာယူနိုင်တဲ့ သွပ်ပြားစက်ရုံကို ထားဝယ်မြို့ မှာ ဖွင့်လှစ်ထားပါတယ်။ သွပ်ပြားကို အရန်သင့် ထုတ်လုပ်ရောင်းချတာမျိုးမဟုတ်ဘဲ ဝယ်ယူသူ လိုချင်တဲ့ အလျား၊ အနံ အထူအပါးနှင့် အရောင် အလိုက် အော်ဒါလာမှာမှသာ ထုတ်လုပ်ရောင်းချပေးတယ်လို့ သိရပါတယ်။ အဲဒီစက်ရုံကို ဦးဌေးလွင်အပါအဝင် သူငယ်ချင်း ၃ ဦးက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလထဲမှာ စပြီး လုပ်ငန်း လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီ စက်ရုံကနေပြီး 4 Angle အရောင်သွပ်ပြားများ၊ 9 Line/ 11 Line Alu Zine သွပ်ပြားများ၊ 11 Line Alu Zine Colour သွပ်ပြားများကို လက်လီ လက်ကားရောင်းချပေးနေတယ်လို့ […]

ဆိုင်ကယ်/ကားကို ဖုန်းနဲ့ထိန်းမယ်

diz_admin

February 19, 2020

ဆိုင်ကယ်/ကားတွေကို ဖုန်းနဲ့ ထိန်းချုပ်နိုင်မယ့် ဆိုင်ကယ်/ကား တည်နေရာပြ (GPS)ကို ထားဝယ်မှာ တပ်ဆင်နိုင်ပါပြီ။ ဈေးအနည်းဆုံးဖြစ်တဲ့ ကျပ် ၆ သောင်းခွဲတန်ကို ဆိုင်ကယ်မှာ တပ်မယ်ဆိုရင် မိမိဆိုင်ကယ်ရဲ့တည်နေရာကို ၁ မိနစ်အတွင်း ဖုန်းထဲကြည့်နိုင်ခြင်း၊ ဘယ်လောက်နှုန်း မောင်းနေတာကို ချက်ချင်းသိခြင်း၊ မောင်းထားတဲ့ လမ်းကြောင်းကို ၆ လ ပြန်ကြည့်နိုင်ခြင်း၊ ဆိုင်ကယ်အိမ်က ထွက်ခွာတာ၊ ပြန်ဝင်တာတွေ သိနိုင်ခြင်း စတာတွေပါဝင်မှာ ဖြစ်ပါတယ်။ ကျပ် ၈ သောင်းတန်ဆိုရင်တော့ အထက်ပါ အချက်တွေအပြင် ဆိုင်ကယ်အခိုးခံရတာမျိုးမှာ ဆိုင်ကယ်စက်ကို ဖုန်းနဲ့ အဝေးက ရပ်ပစ်လိုက်လို့ ရခြင်း၊ ဆိုင်ကယ်စက်မနှိုးဘဲ တွန်းယူသွားပါက ချက်ချင်းဖုန်းခေါ်သတိပေးခြင်းတို့ ပါဝင်ပါတယ်။ ကျပ် ၁ သိန်းတန်ဆိုရင်တော့ အထက်က အချက်တွေအပြင် အရေးပေါ်ခလုတ်ပါ ပါတယ်။ အဲဒီ(SOS) […]