မပြန်လမ်းကို လှမ်းလို့နေ ပိုးစုန်းကြူးလေးတွေ
diz_admin
February 26, 2020မကြာခင် ပိုးစုန်းကြူးလေးတွေကို နှုတ်ဆက်ပါတယ်လို့ ခွဲခွာစကားဆို လမ်းခွဲရတော့မယ် ထင်ပါတယ်။ သူတို့ တွေ ကမ္ဘာကြီးပေါ်က တဖြည်းဖြည်း ပျောက်လို့နေပါပြီ။ မပြန်တဲ့လမ်းကို လှမ်းနေကြရတဲ့ ပိုးစုန်းကြူးလေးတွေဟာ တကယ်တော့ ကျွန်တော်တို့ ငယ်ဘ၀အချိန်တွေတုန်းက ဆိုရင် မှော်ဆန်တဲ့ သက်ရှိလေးတွေပါ။ အမှောင်ထဲ အနုမြူရောင် တလက်လက်နဲ့ ပျံနေတတ်တဲ့ ပိုးစုန်းကြူးလေးတွေကို တမေ့တမော ငေးကြည့်ရတာ၊ လိုက်ဖမ်း ပြီး ကိုယ်ရဲ့ လက်ကလေးထဲထည့် မီးလင်း လာတာကို ကြည့်ရတဲ့ အရသာမျိုး ဘာနဲ့ မျှ နှိုင်းပြလို့ မရအောင် လွမ်းမောစရာ အမှတ်တရပါပဲ။ ကျွန်တော်တို့ရဲ့ အိပ်မက် ကမ္ဘာငယ်လေးထဲကိုလည်း အမြဲလာလည် တတ်တဲ့ ဧည့်သည်တွေရယ်ပါ။ အမှောင် ထုထဲ တလက်လက်နဲ့ အနုမြူရောင် ပြပြ မှိတ်ချည်လက်ချည် ပျံနေတတ်တာ မို့ […]