လူမှုရေး သိပ္ပံ
diz_admin
July 21, 2020သိပ္ပံပညာရပ်ဟုဆိုလိုက်လျှင် ရုပ် ဒြပ်ဝတ္ထုများ၊ ဓာတ်သတ္တုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းများ ကို ပြေးမြင်မိတတ်ကြသည်။ သို့ရာတွင် သိပ္ပံပညာရပ်နယ်ပယ်တွင် လူတို့၏ အတွေး အမြင်ယူဆပုံများ၊ လူ့အဖွဲ့အစည်းတို့၏ ကွဲပြားခြားနားသော ပြုမူပုံ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို လေ့လာသော ပညာရပ်များကိုလည်း ထည့်သွင်းပါဝင် ထားစေပါသည်။ ထိုသို့သော လူမှုရေးရာ အဖြာဖြာကို လေ့လာသော ပညာရပ်များ အတွက် ခြုံငုံမိသော စကားလုံးတစ်ခုမှာ လူမှုရေးသိပ္ပံ သို့မဟုတ် လူမှုသိပ္ပံ (Social Science)ဟူသော ဝေါဟာရပင် ဖြစ်ပါသည်။ ယင်း၏ အဓိပ္ပာယ်မှာ အထက်တွင် ဆိုခဲ့သလိုပင် အကျဉ်းအားဖြင့် လူ့အဖွဲ့ အစည်းနှင့် လူတို့၏ လူမှုရေးဆိုင်ရာ ဆက်နွှယ်မှုများ၊ အပြုအမူများကို စနစ်တကျ လေ့လာသော ပညာရပ်ဟူ၍ ဖြစ်ပါသည်။ လူမှုသိပ္ပံပညာရပ်များတွင် ယဉ်ကျေးမှု […]