မြို့ပြကြီးများအတွက် ကျန်းမာ အသက်ရှည်ဆေး ငါးဖုံ
diz_admin
October 4, 2020ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ ယခုအခါတွင် မြို့ကြီးပြကြီးများတွင် နေထိုင်လျက်ရှိကြပါသည်။ လာမည့် သက္ကရာဇ် ၂၀၅၀ ခု သို့ရောက်သော် ယခုရှိဆဲ မြို့ပြနေလူဦးရေထက် ၆၈ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်း ထားကာ မြို့ပြများဖြစ်ထွန်းကြီးမားလာမှုသည် ကမ္ဘာပေါ်တွင် အပြောင်းအလဲအဖြစ်ဆုံး ခေတ်ရေစီးများထဲမှတစ်ခု ဖြစ်လာနိုင်ပေသည်။ မြို့ကြီးပြကြီးများမှထွက်သော စွန့်ပစ်ပစ္စည်းများမှာ ကမ္ဘာတစ်လွှားရှိ စွန့်ပစ်ပစ္စည်း အမှိုက်များ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိနေနှင့်ပြီးဖြစ်သလို ကမ္ဘာ့ စွမ်းအင်များ၏ ၈၀ ရာခိုင်နှုန်း နီးပါးကိုလည်း ထိုမြို့ပြကြီးများက သုံးစွဲနေပေသည်။ မြို့ကြီးပြကြီးများလျင်မြန်စွာဖြစ် ထွန်းကြီးမားလာမှုသည် အိမ်ရာ ပြဿနာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ လမ်း၊ တံတား၊ လျှပ်စစ်၊ ဆေးရုံ အစရှိသော အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များအတွက် ဆန်းသစ်သော အဖြေများရရှိရန် အပြောင်းအလဲ ဖြစ်စေသည့် အရာတစ်ခုဖြစ်လာခဲ့သော်လည်း ပဓာနကျသော […]


