BREAKING
October 19, 2025

သိပ္ပံနှင့်နည်းပညာ

ဘယ်လိုချေကြမလဲ

diz_admin

December 6, 2020

နှာချေလိုက်ရခြင်းကြောင့် နေသာထိုင်သာ ရှိသွားတဲ့ ခံစားမှုမျိုး ခံစားရဖူး မည်ထင်ပါတယ်။ တခါခါတော့လည်း တိတ်ဆိတ်နေသော လူအုပ်ကြီးကြားထဲ အသံခပ်ကျယ်ကျယ်တစ်မျိုး၊ အစား အသောက်များနှင့် ပလုပ်ပလောင်း စားကောင်းနေစဉ် တားမရဆီးမနိုင် နှာထချေမိခြင်း တစ်ဖုံ ဟပ်ချိုး အတွေ့အကြုံမျိုးစုံ စိတ်မသက်မသာနှင့်ကြုံဖူးခဲ့ကြပေလိမ့်မယ်။ အခုလိုမျိုး ဥတုရာသီ အပြောင်းအလဲဖြစ်ချိန်မှာ ဟပ်ချိုး သံလေးတွေကို လူတိုင်းနီးပါးမှာ ကြားရတတ်ပါတယ်။ ဘာကြောင့်နှာချေကြပါသလဲ။ နှာချေရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကဘာပါလဲ။ နှာခေါင်းယားလာခြင်း၊ မျက်လုံးတွင် မျက်ရည်ဝေ့လာခြင်း၊ နှာခေါင်းတဝိုက် ကြွက်သားများ မသိမသာ လှုပ်လာခြင်း၊ ခပ်ပြင်းပြင်း ဝင်သက် တစ်ခု လှစ်ခနဲ ရှူသွင်းလိုက်ခြင်းနဲ့ အတူ မရှေးမနှောင်းမှာပင် ဟပ်ချိုး ဟူသော အသံသည် ထွက်၍လာပါတယ်။ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်စေ အပူချိန်အပြောင်းအလဲကြောင့်ဖြစ်စေ ရုတ်တရက် စူးစူးရှရှ အလင်းကြောင့်ဖြစ်စေ […]

ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေး၏ အလားအလာ

diz_admin

November 22, 2020

ကိုဗစ် ၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ယခုအခါ ကပ်ရောဂါ တစ်ခုအသွင်နှင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ကူးစက်နေသည်မှာ တစ်နှစ်ပြည့် တော့မည်ဖြစ်ပါသည်။ မကြုံစဖူး တွေ့ကြုံလာရသော သည်ကပ်ဘေးကြောင့် သန်းနှင့်ချီသော လူများစွာ ရောဂါကူးစက် ခံရသလို များစွာသော သူများ နေ့စဉ်နှင့်အမျှ အနိစ္စရောက်နေကြရပါသည်။ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံသဘာဝအရ လူတိုင်းကို ကူးစက်နိုင်ခြင်းကြောင့် လူများစွာ စုဖွဲ့ခြင်း၊ ထိတွေ့ပြောဆိုဆက် ဆံခြင်းများကိုပင် ရောဂါကို ထိန်းချုပ်တားမြစ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ပိတ်ပင် တင်းကျပ်ထားရပါသည်။ အသွားအလာ ကန့်သတ်ခြင်း၊ အိမ်တွင်သာ နေစေခြင်းတို့က လူပေါင်းများစွာ၏ စိတ်ကို ကျဉ်းကျပ် စေသည်ဟုဆိုကြပါသည်။ လူများသည် လူမှုရေး သတ္တဝါဖြစ်ကြသည့်အလျောက် အသိုင်းအဝိုင်း မိတ်ဆွေများနှင့် စုစု စည်းစည်း သွားလာ နေထိုင်တတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ယခု ကိုဗစ်ကြောင့် […]

စန္ဒာရဲ့သီတာကို ဆိုဖီယာ ရှာတွေ့

diz_admin

November 15, 2020

လမင်း စန္ဒာသည် ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာများ၏ အစွမ်းကြောင့်ပင်လော မပြောတတ်။ လွန်စွာပင် ပျော်မွေ့ဖွယ်ရာနေရာ စိတ်ကူးယဉ် စရာကောင်းလှသည့်နေရာအဖြစ် ထင်မှတ်မိတတ်ကြသည်။ ရွှေလတွင် ယုန်ဝပ်သည့် ကဗျာ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်ဟူသော သီချင်းစာသားမျိုး လူတိုင်းနီးပါးကြားဖူးကြသည်။ သာယာနှစ်လို ကြည်နူးဖွယ် ညအခါသမယကို ဖော်ညွှန်းသော အရေးအသားမျိုးတွင် လမင်းကြီး ထိန်ထိန်သာနေသည် သို့မဟုတ် လနှင့် ဆက်စပ်ဖော်ပြကြသည်။ သို့ရာတွင်ကား ကမ္ဘာ၏ အရန်ဂြိုဟ် ဟုဆိုသော လမင်းသည် လူသတ္တဝါ အပေါင်းတို့အဖို့ နေထိုင်ရန် မဖြစ်နိုင်သော နေရာဖြစ်ကြောင်း၊ လူတို့အသက် ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ရေ၊ လေတို့ မရှိသည့်အပြင် အပူချိန်အတက်အကျမြန်ဆန်ပြင်းထန်ခြင်း၊ နေရောင်ခြည်တွင်ပါဝင်သော အန္တရာယ် ရှိရောင်ခြည်တို့ကို စစ်ပေးနိုင်သည့် မြေကမ္ဘာ၏အိုဇုန်းလွှာကဲ့သို့သော အရာမျိုးလည်း မရှိ၊ ကမ္ဘာမြေကဲ့သို့ဆွဲအားလည်း မကောင်းလှသောကြောင့် […]

နောင်ငါးနှစ်အတွက် အလုပ်ခွင်လိုအပ်ချက်

diz_admin

November 8, 2020

နောင်ငါးနှစ်အကြာသော် ကျွန်ုပ်တို့ အားလုံး၏ ထက်ဝက်မျှသည် မိမိတို့ လက်ရှိကျွမ်းကျင် တတ်မြောက်ထားသည့် အရာများအပြင် အခြားသော တတ်မြောက်ကျွမ်းကျင်စရာပညာရပ်များကို ထပ်မံအားဖြည့်ရန် လိုအပ်လာပေ လိမ့်မည်။ အကြောင်းမှာ ယနေ့ကြုံနေကြရသော ရောဂန္တရ ကပ်ကြီးကြောင့် စီးပွားရေးလည်ပတ်မှုများ လွန်စွာထိခိုက် ရခြင်းကြောင့်လည်းကောင်း အလိုလျောက် အလုပ်လုပ်နိုင်စွမ်းရှိသော စက်များ၏ စွမ်းရည်တိုးလာခြင်းကြောင့်လည်းကောင်း စသောအကြောင်းများက ကျွန်ုပ်တို့၏အလုပ်အကိုင်များကို ကျုံ့သွားစေနိုင်ခြင်း ကြောင့်ဖြစ်ပေသည်။ ဤခန့်မှန်းမှုမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အနာဂတ်အတွက် အလုပ်အကိုင် မား အမည်ရအစီရင်ခံစာ တတိယအကြိမ် ပြင်ဆင်တည်းဖြတ်ပုံနှိပ်ထားသည့်မူတွင် ပါရှိသော ခန့်မှန်းတွက်ချက်မှုပင်ဖြစ်သည်။ ထိုအစီအရင်ခံစာတွင် အနာဂတ် အလုပ်အကိုင်များနှင့် ကျွမ်းကျင်စရာ ပညာရပ်များ၏ လားရာကို ပုံဖော်ထား သည့်အပြင် ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများနှင့် ခရီးသွားလာမှုများ၏ ဦးတည်ရာကို ခြေရာခံခြင်းကိုလည်း ဖော်ပြထား၏။ သို့ရာတွင်ကား ကျွန်ုပ်တို့၏ […]

၂၁ ရာစုအတွက် အရေးပါသော တီထွင်ဆန်းသစ်မှုများ

diz_admin

November 1, 2020

လူနှင့်တီထွင်ခြင်းသည် တွဲလျက်သားဖြစ်ထွန်းတိုးတက်လာနေပေသည်။ လူသားတို့၏ တမူထူးသော ဉာဏ်ကြောင့်ပင် သက်ရှိမျိုးစိတ်များထဲတွင် လူသတ္တဝါသည် အခြားသော သက်ရှိများ အပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သော အဆင့်သို့ရောက်ရှိလာခဲ့ပေသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စက်မှု တော်လှန်ရေး စသော သမိုင်းများကို ပြန်ကြည့်လျှင် လူမျိုးနွယ်တို့၏ တိုးတက်ပြောင်းလဲမှုမှာ ဆန်းသစ်တီထွင်မှုနှင့် ခွဲ၍မရအောင် အတူတကွရှိနေသည်ကိုတွေ့ရပေမည်။ ယနေ့ကာလ ၂၁ ရာစု တွင်မူ တီထွင်မှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်ထွန်းနေသကဲ့သို့ ခေတ်အဆက်ဆက် တီထွင်ခဲ့မှုပေါင်းများစွာ၏ အထွတ်အထိပ်သို့ ရောက်နေပြီဟုလည်း ပြောကြပါသည်။ တိုတောင်းသောအချိန် ကာလလေးမှာပင် ပစ္စည်းတစ်ခုသည် မော်ဒယ်နိမ့်သွားနိုင်သည်။ လူမသုံးတော့သော အဖြစ်သို့ရောက်သွားနိုင်ပေသည်။ ဤသို့သော အဖြစ်မျိုးသို့ ရောက်အောင် မရပ်မနား ဆန်းသစ်တီထွင်နေသော ပညာရှင်များ အထောက်အပံ့များ စီးပွားရေးလုပ်ငန်းများ ပညာရပ်ဆိုင်ရာ ရပ်ဝန်းများ ပေါလှသော ခေတ်ပင်။ […]

ကိုယ်စိတ်နှစ်ဖြာကျန်းမာစေရေး ရပ်ရွာဒေသ အပန်းဖြေနေရာများကို မြှင့်တင်ပေး

diz_admin

October 24, 2020

ကိုဗစ်မတိုင်မီက ပုံမှန်လည်ပတ်နေသော အချိန်များတွင်ကဲ့သို့ပင်လျှင် ကိုဗစ်ကာလအတွင်း အိမ်တွင်း ဂူအောင်းရသည့် အခြေအနေမျိုးတွင်လည်း ကျွန်တော် တို့ လူသားအားလုံး၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားသည်လည်းကောင်း စိတ်ရွှင် လန်းဖို့ရာ လုပ်ဆောင်စရာများသည်လည်း ကောင်းအရေးကြီးပေသည်။ ဤသို့လျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာဖို့ရာ လူသားများအတွက် အထူးသဖြင့် တိုက်တာ အဆောက်အအုံကြီးများအကြား ပိတ်လှောင်မိနေသည်ဟုဆိုနိုင်သော မြို့ပြနေ ပြည်သူများအတွက် ထောင့်တစ်နေရာမှ ကူညီနေသော အပန်းဖြေရာ နေရာများ၏ အရေးပါမှုကို ဖော်ပြလိုပေသည်။ အပန်းဖြေရာနေရာဟု ဆိုလိုက်လျှင် ယေဘုယျအားဖြင့် လူအများအတွက် သက်သောင့်သက်သာဖြစ်ကာ အေးအေး လူလူ နားနေနိုင်သောနေရာ ကိုယ်လက် လှုပ်ရှား အားကစားပြုနိုင်သော အထောက်အကူပြုပစ္စည်းအချို့ ထားရှိပေးထားရာ နေရာ အစိမ်းရောင်ဧရိယာမြက်ခင်း အပင်များ ပန်းပင်များ ရေကန် စသည်တို့ရှိကာ သန့်ရှင်းလတ်ဆတ်သော ဝန်းကျင် […]

လိပ်ပြာ ထိန်းပါ

diz_admin

October 17, 2020

ငယ်စဉ်ကလေးဘဝတွင် လူကြီးများထံက ကြားရသော တစ်ဆင့်စကားများ ကြောင့် လိပ်ပြာများကို ကလေးအချို့ မဖမ်းရဲကြပေ။ အကြောင်းမှာ လိပ်ပြာသည် လူ၏ အသက်ဝိညာဉ်ကို ကိုယ်စားပြုသည့်၊ သက်ရှိအဖြစ် ကလေးများက ထင်မှတ်မိခြင်းကြောင့်ပင်ဖြစ်သည်။ လိပ်ပြာလှသည်၊ လိပ်ပြာနုတ်သည်၊ လိပ်ပြာသန့်သည်ဟူသော စကားမျိုးကို ကြားဖူးကြမည်ဖြစ်ပါသည်။ ယခု ဆွေးနွေးမည့် လိပ်ပြာအကြောင်းမှာ သဘာဝ သက်ရှိလောကနှင့် လူသားများကို တစ်နည်း တစ်ဖုံအကျိုးပြုနေသော သက်ရှိသတ္တဝါ လိပ်ပြာများအကြောင်းဖြစ်ပါသည်။ လိပ်ပြာများနှင့်ဖလံများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့် မကကပင် ကမ္ဘာပေါ်တွင် ရှိနေခဲ့သော သက်ရှိများပင်ဖြစ်သည်။ အမျိုးအစား ကွဲပြားစုံလင်လှကာ မျိုးစိတ်ပေါင်း ၂၅၀ဝ၀ဝ (နှစ်သိန်းခွဲ) ကျော် ရှိပါသည်။ ထိုသက်ရှိကလေးများမှာ သစ်သီးဝလံများ ကောက်ပဲသီးနှံများ ဖြစ်ထွန်းရန်အတွက် အရေးပါသော ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ဆောင်ရွက်ပေးသူများဖြစ်ကြ ပါသည်။ […]

အပင်ကျန်းမာရေးနှစ်

diz_admin

October 11, 2020

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ကို နိုင်ငံတကာ အပင်များ ကျန်းမာရေး နှစ်အဖြစ် ကြေညာသတ်မှတ်ထားပါသည်။ ရည်ရွယ်ချက်မှာ အပင်များကို ကာကွယ်ထိန်းသိမ်းခြင်းက ငတ်မွတ်ဆာလောင်နေရမှုများကို အဆုံးသတ်ရန်၊ ဆင်းရဲမွဲတေမှုလျှော့ချရန် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်နှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေရန်တို့ကို မည်ကဲ့သို့ အထောက်အပံ့ပြုသနည်းဆိုသည်ကို ကမ္ဘာတစ်ဝန်းသို့ အသိပညာ မြှင့်တင်ပေးနိုင်ရန် ဖြစ်ပေသည်။ အပင်များကိုကာကွယ်ခြင်းက အသက်များကို ကာကွယ်ခြင်းပင် သိပြီးဖြစ်သော်လည်း အမှတ်တမဲ့ ဖြစ်တတ်သော အရေးကြီးအကြောင်းအရာများကိုပြန်လည်ကာပြောဆိုဆွေး နွေးရပေဦးမည်။ အပင်များမှာ ကျွန်ုပ်တို့ ရှူရှိုက်နေရသော လေ၏ အရင်းအမြစ် များပင်ဖြစ်သည်။ ကျွန်ုပ်တို့စားသုံးနေ သော အစားအစာအများစုကို အပင်များ ထံကရနေပေသည်။ သို့ရာတွင် ထိုသို့ ကျွန်ုပ်တို့၏ အသက်ရှင်ရေးအတွက် မရှိမဖြစ်သော လေနှင့် အစားအစာများကို ပေးနိုင်စွမ်းသော […]