ဆေးပညာရပ်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တွေ့ရှိမှုအသစ်ကို မြန်မာလူမျိုး သိပ္ပံပညာရှင် ဦးဆောင်သည့်အဖွဲ့က ရှာဖွေတွေ့ရှိ
Dawei Watch
July 17, 2023မြန်မာလူမျိုး သိပ္ပံပညာရှင် ဒေါက်တာ စောဝေလှ ခေါင်းဆောင်ဦးစီးသည့် အဖွဲ့တစ်ဖွဲ့သည် သိပ္ပံပညာနှင့် ကျန်းမာရေးကို အထောက်အကူ များစွာပေးမည့် နည်းပညာတစ်ခုဖြစ်သော အက်တမ်တစ်လုံးချင်းစီကို X-Ray ပုံရိပ်ရယူနိုင်သည့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ မြန်မာလူမျိုး သိပ္ပံပညာရှင် ဒေါက်တာ စောဝေလှ ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုး တက္ကသိုလ်ရှိ သိပ္ပံပညာအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့ပထမဆုံးတွေ့ရှိမှုအဖြစ် အက်တမ်တစ်လုံးချင်းစီ၏ပုံရိပ်ကို X-Ray ပုံရိပ် ရယူနိုင်သောနည်းပညာအား ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ X-Ray ကို နည်းပညာကို စတင်တွေ့ရှိခဲ့သည့် ၁၈၉၅ ခုနှစ် Roentgen အဆင့်မှ စတင်ကာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် X-Ray ကို အသုံးပြုလိုပါက အက်တမ်များစွာ ပါဝင်စုဖွဲ့ထားသော အရာဝတ္ထုများအတွက်သာ စူးစမ်းအသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အက်တမ်အနည်းငယ်စီကို X-Ray ဖြင့် စူးစမ်းအသုံးပြုနိုင်ရန် သိပ္ပံပညာရှင်များ […]