BREAKING
October 19, 2025

သိပ္ပံနှင့်နည်းပညာ

AI ချစ်သူမိန်းကလေးစက်ရုပ်က ဘာသာစကား ၁၅ မျိုး ပြောနိုင်ပြီ

Dawei Watch

July 14, 2025

Realbotix ကုမ္ပဏီဟာ ချစ်သူမိန်းကလေးတစ်ယောက်လို ကိုယ့်နံဘေးနားထားရှိနိုင်မယ့် သူတို့ရဲ့ AI နည်းပညာသုံး စက်ရုပ်လူသားကို အဆင့်မြှင့်တင်လိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီ စက်ရုပ်လူသားကို လုပ်ငန်းခွင်တွေမှာ အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေတဲ့အကြောင်း Realbotix ကုမ္ပဏီက အသိပေးထားပါတယ်။ အခုဆိုရင် ဒီစက်ရုပ်လူသားဟာ ဘာသာစကား ၁၅ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်ခဲ့ပြီဖြစ်ပြီး cloud စနစ်ကနေ နောက်ထပ် ဘာသာစကား ၁၄၇ မျိုးကိုပါ အသုံးပြုနိုင်တာကြောင့် စုစုပေါင်း ဘာသာစကား ၁၆၂ မျိုးအထိ ပြောဆိုနိုင်ပြီလို့ ဆိုပါတယ်။ ဒီစက်ရုပ်ကို Girlfriend (ချစ်သူမိန်းကလေး) အဖြစ် အသုံးပြုနိုင်အောင် စီမံပေးထားတယ်လို့ သတင်းဌာနတွေကနေ ဖော်ပြလိုက်ပြီးတဲ့နောက် လူစိတ်ဝင်စားမှုက တဟုန်ထိုး မြင့်တက်သွားပါတယ်။ Realbotix ရဲ့ ဒီစက်ရုပ်လူသားဟာ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ […]

ဆရာဝန်တွေကို AI စက်ရုပ်တွေ စိန်ခေါ်တော့မယ်၊ သည်းခြေအိတ်ခွဲစိတ်မှု အမှားအယွင်းမရှိ လုပ်ဆောင်

Dawei Watch

July 13, 2025

ဂျွန်ဟော့ကင်းတက္ကသိုလ်က တီထွင်ထားတဲ့ “Surgical Robot Transformer-Hierarchy (SRT-H)” လို့ခေါ်တဲ့ ခွဲစိတ်စက်ရုပ်ဟာ လူသားနဲ့ လုံးဝဆင်တူတဲ့ ပုံစံတူမော်ဒယ်တစ်ခုရဲ့ သည်းခြေအိတ်ကို လူသားရဲ့အကူအညီ လုံးဝမပါဘဲ ရာနှုန်းပြည့်တိကျမှန်ကန်စွာ ဖယ်ရှားနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီစက်ရုပ်ဟာ အဆင့်ဆင့် ပရိုဂရမ်ရေးဆွဲခံထားရတာမျိုး မဟုတ်ပါဘူး။ အငယ်တန်းဆရာဝန်တစ်ယောက်လို တကယ့်ခွဲစိတ်မှုတွေကို ကြည့်ရှုပြီး ဒီစက်ရုပ်က သင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်သေကောင်တွေရဲ့ သည်းခြေအိတ်ကိုထုတ်တဲ့ ခွဲစိတ်မှု ဗီဒီယိုတွေကို အသုံးပြုပြီး ဒီစက်ရုပ်ကို လေ့ကျင့်ပေးခဲ့တာပါ။ ဗီဒီယိုထဲက လုပ်ဆောင်ချက်တိုင်းကို စာတန်းတွေ၊ အသံ command တွေကတစ်ဆင့် ရှင်းပြပေးထားလို့ ဘာလုပ်ရမယ်ဆိုတာတင်မကဘဲ ဘာကြောင့် လုပ်ရတယ်ဆိုတာကိုပါ စက်ရုပ်က နားလည်လာခဲ့တာပါ။ စက်ရုပ်ရဲ့ သင်ယူနိုင်စွမ်းက တကယ်ကို အံ့အားသင့်စရာကောင်းတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။ SRT-H စက်ရုပ် ဟာ […]

၁၆ နှစ်အောက်များ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးဥပဒေ ဩစတြေးလျ ပြဌာန်း

Dawei Watch

November 29, 2024

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက် သုံးစွဲခြင်းကို ပိတ်ပင်သွားမည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျ ဆီးနိတ်လွှတ်တော်က ကြာသပတေးနေ့တွင် ပြဌာန်းလိုက်သည်။ Tik Tok, Facebook, Snapchat, Reddit, X အစရှိသည့် လူမှုကွန်ရက်ကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို ချိုးဖောက်ပါက ဩစတြေးလျဒေါ်လာ သန်း ၅၀ (ကန်ဒေါ်လာ ၃၂ဒသမ၅ သန်း) ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ လူမှုကွန်ရက်သုံးစွဲခြင်းနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး ဖြစ်လာသည့် ယင်းဥပဒေသည် လတ်တလော အသက်မဝင်သေးဘဲ တစ်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။ ငယ်ရွယ်သူများအား လူမှုကွန်ရက် သုံးစွဲခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် ယင်းဥပဒေကို ပြဌာန်းရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် Anthony Albanese က ပြောကြားခဲ့သည်။ “ဒါဟာ တကမ္ဘာလုံးမှာ […]

မီးပိုစားတဲ့ အေအိုင် နဲ့ တွေးဆစရာများ

Dawei Watch

November 10, 2024

လောကဓာတ်သိပ္ပံဆရာတွေ ထွင်လိုက်တဲ့ ဉာဏ်ရည်တု (အေအိုင်) ဟာ ဒီကာလမှာ လူပြောသူပြော များလာတဲ့ ကိစ္စပါပဲ။ ဒီလိုပြောရတာကလည်း အေအိုင်နဲ့ ပတ်သက်လို့ တွေ့ရကြုံရတာတွေဟာ ဆေးလည်းဖြစ်သလို ဘေးလည်းဖြစ်တယ်ရယ်လို့ဆိုကြလို့ပါပဲ။ ဒီတော့လည်း ဒီလိုဆန်းသစ်မှုတွေကို သတိနဲ့ ကိုင်တွယ်ကြဖို့၊ ချဉ်းကပ်ကြဖို့ ပြောကြ ဟောကြ ထောက်ပြကြတာတွေရှိလာတာပ။ ပထမဆုံး အေအိုင်နဲ့ ပတ်သက်လို့ ပြောကြရတာက အေအိုင်ဟာ မီးအတော်စားသတဲ့။ စွမ်းအင်များများ သုံးရတယ်ပေါ့။ ရိုးရိုး ဂူးဂဲလ်မှာ တခုခုရှာတာနဲ့ ဒီကနေ့ သိကြတဲ့ Chat GPT မှာရှာတာ အမြန်နှုန်းကွာသလို သိရတဲ့ သတင်း အချက်အလက်ကလည်း ကွာတယ်။ ဒီလိုကွာသလိုပဲ မီးစားနှုန်းလည်း အတော်ကွာတယ်တဲ့။ ဂူးဂဲလ်မှာရှာတာနဲ့စာရင် Chat GPT မှာအချက်အလက်ရှာတာက မီးစားနှုန်း ၁၀ ဆထက်မက ပိုကုန်နိုင်တယ်တဲ့။ […]

တိရစ္ဆာန်တို့လည်း ယမကာ လုလင်များဖြစ်ကြသည်

Dawei Watch

October 31, 2024

အရက်သောက်ခြင်းကို ကမ္ဘာပေါ်ရှိ ဂေဟစနစ်အားလုံးနီးပါးတွင် တွေ့ရှိရသည်။ အချိုဓာတ်ပါသည့် သစ်သီးများနှင့် ဝတ်ရည်ကို စားသုံးသည့် သတ္တဝါများတွင် ပုံမှန်ယမကာ မှီဝဲသည့်အလေ့အထ ရှိကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည့် လေ့လာတွေရှိချက်က ပြသနေသည်။ သက်ရှိသတ္တဝါမျိုးစိတ်အချို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အရက်ကို အသုံးပြုနိုင်စွမ်း ရှိကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ အခြားသတ္တဝါမျိုးစိတ်များမှာ အရက်၏ အာနိသင်ကို ခံနိုင်ရည်ရှိမှု နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။ “အရက်ကို လူသားတွေကပဲ မှီဝဲတယ်ဆိုတဲ့ လူသားဗဟိုပြုအမြင်နဲ့ ကျွန်တော်တို့ လမ်းခွဲနေပါပြီ။ တကယ်တော့ သဘာဝသတ္တလောကထဲမှာလည်း ယမကာမှီဝဲမှုက အတော်လေး ကျယ်ပြန့်ပါတယ်” ဟု University of Exeter မှ သုတေသီ Anna Bowland က ဆိုသည်။ အချဉ်ဖောက်ထားသည့် သစ်သီးများ၊ သစ်ရည်နှင့် ဝတ်ရည်ကို […]

အေအိုင်သည် လူသားသဏ္ဍန်ဖြစ်လာမည်ဟု Nvidia ခေါင်းဆောင် ပြော

Dawei Watch

October 28, 2024

အေအိုင်သည် လူသားပုံသဏ္ဍန်ဖြစ်လာလိမ့်မည်ဟု အမေရိကန်ချစ်ပ်ပြား ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Nvidia ၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ တိုကျိုတွင် ကျင်းပလျက်ရှိသည့် Global Management Dialogue ဖိုရမ်ဖွင့်ပွဲနေ့ မိန့်ခွန်းတွင် Nvidia ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာမာဆာတာကာအိုဆာကီသို့ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အေအိုင်နည်းပညာနယ်ပယ်အတွက် အနာဂတ်စိန်ခေါ်မှုများသည် လူသားသဏ္ဍန်စက်ရုပ်များကို ဖန်တီးနိုင်ရေးတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်အတွင်း အေအိုင်နှင့် ချိတ်ဆက်အသုံးပြုနိုင်ရေးပါ ပါဝင်သည်ဟု ၎င်းက ဆိုသည်။ “စက်က ကိုယ်ကာယအလုပ်ကို လုပ်ပေးသလို အေအိုင်က ဦးနှောက်အလုပ်ကို လုပ်ပေးတယ်” ဟု Nvidia ၏ ဂျပန်နိုင်ငံဆိုင်ရာမန်နေဂျာလည်းဖြစ်သူ မစ္စတာအိုဆာကိက ပြောသည်။ အေအိုင်နည်းပညာနင့် အဆင်ပြေချောမွေ့စွာ ယှဉ်တွဲလုပ်ဆောင်နိုင်မည့် စက်ယန္တရားလည်ပတ်မှုစနစ်များကို တီထွင်ဖန်တီးရာ၌ အခက်အခဲများကို ၎င်းက အသိအမှတ်ပြု ပြောကြားခဲ့သည်။ ဂျပန်၏ […]

မြေကမ္ဘာအတွက် ဧည့်သည်လတစ်စင်း အလည်လာမည်

Dawei Watch

September 21, 2024

ကမ္ဘာကြီးသည် ဒုတိယလတစ်စင်းကို အချိန်နှစ်လခန့် ခေတ္တ ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။ သေးငယ်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ကမ္ဘာ့ဆွဲငင်အားကြောင့် ကမ္ဘာကို လှည့်ပတ်မည့် ဂြိုဟ်ပတ်လမ်းကြောင်းထဲ အချိန်နှစ်လခန့်အကြာ ဝင်ရောက်လည်ပတ်တော့မည် ဖြစ်သည်။ သို့သော် ထိုလအငယ်စား (mini-moon) ကို သာမန်မျက်စိဖြင့် ကြည့်၍ မြင်နိုင်မည် မဟုတ်ပေ။ 2024 PT5 ဟု နာမည်ပေးထားသော အဆိုပါ ဂြိုဟ်အငယ်စားကို အခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပထမဆုံး စတင်တွေ့ရှိခဲ့သည်။ နာဆာမှ ရန်ပုံငွေထောက်ပံ့ထားသည့် တောင်အာဖရိကနိုင်ငံအခြေစိုက် ဂြိုဟ် သိမ်ဂြိုဟ်မွှားလေ့လာရေးဌာနတစ်ခုမှ သုတေသီများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အရွယ်အစားမှာ အချင်း ၃၇ ပေ ဝန်းကျင် ရှိနိုင်သည်။ ၎င်း၏ အရွယ်အစားကို အတည်ပြုနိုင်ရန် နောက်ထပ်လေ့လာရဦးမည်ဟု စပိန်နိုင်ငံ Complutense […]

ဟောလိဝုဒ်အစ မီဒီယာအလယ် အပြာလောကအဆုံး AI စိန်ခေါ်မှုကို ရင်ဆိုင်နေကြရပြီ

Dawei Watch

July 24, 2023

AI။ အခုရက်ပိုင်းတွေအတွင်း လူပြောအရမ်းများလာတဲ့ စကားလုံးတစ်ခုဆိုရင် မှတ်ဉာဏ်တု AI ပါပဲ။ အစောပိုင်းက AI ဟာ တွေးတောတာ၊ အချက်အလက် စိစစ်တာ၊ မေးခွန်းတွေ အပြန်အလှန်ဖြေကြားပေးတာ၊ ဒီဇိုင်းရေးဆွဲတာ အစရှိတဲ့ကဏ္ဍတွေဆီ ခြေလှမ်းသွက်သွက် လှမ်းနေပေမယ့် လူသားတွေရဲ့လုပ်ငန်းတွေကို စိန်ခေါ်တာမျိုး မရှိခဲ့ပါဘူး။ အခုတော့ လူသားတွေရဲ့လုပ်ငန်းတွေထဲ AI ဝင်ရောက်လာလို့ လူသားတွေ အခက်တွေ့နေရပါပြီ။ AI ကြောင့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေရှိတဲ့ လူသားတွေဟာ AI အသုံးပြုမှုကို ဆန္ဒပြ ကန့်ကွက်နေပြီပဲဖြစ်ပါတယ်။ ဟောလိဝုဒ်ရပ်ဝန်းထဲက AI ကန့်ကွက်ဆန္ဒပြပွဲမှာ နာမည်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန်တို့တောင် ပူးပေါင်းပါဝင်ပေးနေသလို တချို့က ရိုက်လက်စ ရုပ်ရှင်ရိုက်ကွင်းတွေကို အကုန်ရပ်နားပြီး ဆန္ဒပြပွဲကို အရှိန်အဟုန် မြှင့်တင်ထားပါတယ်။ တကယ်တော့ AI ဟာ ဟောလိဝုဒ်တင် မကပါဘူး။ […]