ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖတ်ညွှန်း

ရုက္ခစိုးကို တိုင်ထားမယ်

diz_admin

March 16, 2022

ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါသလား၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ကို မှီခိုလုပ်ကိုင်စားသောက်ရပါတယ်။ ဒီတော့ ကိုယ့် အသက်မွေးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Global Forest Watch ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် သုံးသိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းက လေညာအမျိုးသား ဥယျာဉ်အနီးမှာ […]

ကျေးဇူးတန်ဟယ်

diz_admin

July 1, 2020

အကန့်အသတ်တွေနဲ့ ခရီးသွားလာနေရချိန်၊ တစ်ခါတလေ သွားခွင့်မရတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ခရီးသွားမှတ်တမ်းတစ်အုပ် ဖတ်ခွင့်ရလိုက်တာကိုက ခံစားချက် တစ်မျိုးမျိုး ပေးစွမ်းသလို၊ လွမ်းဆွတ်သလိုလိုလည်း ခံစားလိုက်ရပါတယ်။ ကျွန်တော်တို့ ထားဝယ်ဒေသအပါအဝင် တနင်္သာရီတိုင်းဟာ တစ်ချိန်ကတော့ ခရီးသွားလာရေးနဲ့ပတ်သက်လို့ အရမ်းခက်ခဲတဲ့ ဒေသတစ်ခုပါ။ တနင်္သာရီတိုင်းကို ခရီးသွားလာမှု နည်းပါးသလို ခရီးသွားမှတ်တမ်းလည်းနည်းတယ်လို့ ဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးထဲကနေ ဆရာသိန်းဖေမြင့်ရဲ့ “အဏ္ဏဝါ ခရီးသည်နှင့် ပုလဲဒေဝီ” ဆရာ မြသန်းတင့်ရဲ့၊ “ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီပိုဗေးနှင့် အီကွေတာညများ”၊ လူထုဒေါ်အမာရဲ့ “ချင်းတွင်းမှ ပင်လယ်သို့” စာအုပ်တွေထွက်လာတာက ဝမ်းမြောက်ဖွယ်ရာပါ။ ဒီစာအုပ်တွေနောက်ပိုင်း ဆရာစိန်မျိုးမြင့်ရဲ့ တစ်အုပ်လားပဲ တွေ့ရတော့တယ်။ ခုနောက်ပိုင်း လမ်းပန်းသာလာလို့ ခရီးသွား ဧည့်သည်တွေအဝင်အထွက်များလာပေမယ့် ခရီးသွားမှတ်တမ်းအဖြစ်ရေးတဲ့ စာပေမျိုးတော့ မတွေ့ရတော့ပါဘူး။ အခုရက်ပိုင်းအတွင်းမှာတော့ စံတော်ချိန်သတင်းစာအယ်ဒီတာ ထွဏ်းမင်းရဲ့ “ကျေးဇူးတန်ဟယ်” […]

Dawei Watch Tv/‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’

diz_admin

April 24, 2020

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ဒေါက်တာမြင့်ဇော် ရေးသည်။အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂါ(အသံသွင်း တင်ဆက်မှု) ဒေါက်တာမြင့်ဇော် ရေးသားသော ‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ စာအုပ်ကို အပိုင်း တစ်ပိုင်းချင်းစီအလိုက် အသံသွင်းယူထားခြင်းဖြစ်ပါသည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော် (ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားပါသည်။ စာအုပ်ပါအကြောင်းအရာများကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိပါသည်။ ယခုအပိုင်းမှာ အပိုင်း (၁) ‘ကျုပ်တို့ဖန်တီးတဲ့ ကပ်ရောဂါ’ ဖြစ်သည်။ လာမည့် ရက်ပိုင်းအတွင်း အပိုင်း (၂) ကို ဆက်လက် တင်ဆက်သွားပါမည်။ အိမ်တွင်နေရင်း ကိုဗစ်ကပ်ရောဂါနှင့် ဂေဟ စနစ်အကြောင်း လေ့လာဆင်ခြင်နိုင်ကြပါစေ။ […]

သတင်းမှား သတင်းမှန် စစ်နည်း

diz_admin

March 13, 2020

သတင်းရေးသူကို စစ်ပါ။သတင်းရေးသူ ဘယ်သူလဲဆိုတာ စစ်ပါ။ သူရဲ့ အကြောင်း(Profile) ကို လေ့လာပါ။ သတင်းရင်းမြစ်များစွာနဲ့ တိုက်ဆိုင် စစ်ဆေးပါ။တရားဝင်သတင်းဌာနတွေရဲ့ သတင်းဖော်ပြ ချက်တွေနဲ့ တိုက်စစ်ပါ။ ရက်စွဲတွေကို စစ်ပါ။ ယနေ့ ရက်စွဲ ဟုတ်/မဟုတ်စစ်ပါ။ အရင်နေ့ အရင်လတွေက သတင်းဟောင်းတွေ ဖြစ်နေလား စစ်ပါ။ သတင်းတစ်ပုဒ်လုံးကို ဖတ်ပါ။ သတင်းခေါင်းစဉ်နှင့် ဖော်ပြထားတဲ့ အချက် အလက်တွေ ကိုက်ညီမှု ရှိ/မရှိ စစ်ပါ။ ကျွမ်းကျင်သူကို မေးပါ။ အကြောင်းအရာနှင့် ပတ်သက်သော ပညာရှင် များကို မေးပါ။ ရင်းမြစ် – MIDO

သိမ်းဆည်းခံ မြေယာကိစ္စ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

diz_admin

March 12, 2020

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့် အချက်များကို စာဖတ်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ ယခင်အပတ်မှအဆက် ၁) နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကိုမူ မြေ ပိုင်ရှင်များက ပြန်လည်လျှောက်ထား သည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ ၁၀ ရပ် ၂) တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ ၃ ရပ် ၃) သိမ်းဆည်းမြေများကို ပြန်လည် ပေးအပ်ရန် လျှောက်ထားလာခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် ၄ ချက် ၄) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ၅ ချက် ၅) သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့် […]

ခေတ်ပြိုင်ဒဿနထဲက နိုင်ငံတော်ဒဏ္ဍာရီ

diz_admin

January 30, 2020

ခေတ်ပြိုင်ဒဿနဂန္ထဝင် မောင်ကြည်သစ် အဖြူရောင်ပဲ့တင်၊ ၂၀၁၈၊ ဇန်နဝါရီ  ဒုတိယအကြိမ် ၁၉၉၀ နောက်ပိုင်းရေးခဲ့တဲ့ ဒဿန ဆိုင်ရာဆောင်းပါးတွေ။ ဒဿနပညာရှင်တွေရဲ့ ထင်ရှားတဲ့ စာအုပ်တွေကို မိတ်ဆက်ပေးတဲ့ ဆောင်းပါးတွေလို့လည်း ပြောလို့ ရတယ်။ အခု ဒုတိယအကြိမ်ထုတ်မှာ ပထမအကြိမ်ထုတ်တုန်းက စာပေစိစစ်ရေးကြောင့် အဖြုတ်ခံ လိုက်ရတဲ့ ဆောင်းပါး နှစ်ပုဒ် ပြန်ပါလာတယ်။ တစ်ပုဒ်က ကတ်ဆီယာ၏ နိုင်ငံတော်၏ဒဏ္ဍာရီတဲ့။ Ernst Cassiner ရဲ့ The Myth Of State အကြောင်း။ ကတ်ဆီယာရဲ့ မူရင်းကျမ်းကိုက ၁၉၄၆ ခုနစ်မှာ ထုတ်ထားတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ၊ ဖက်ဆစ်တွေ ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေအောက်က ယုတ္တိမတန်တဲ့ ဖြစ်ရပ် (Irrational Phenomena) တွေကို ရှင်းပြထားတာ။ ကျိုးကြောင်း […]