ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

ထားဝယ်ပစ်ခတ်မှု အနည်းဆုံး သုံးဦးသေ၊ လူဆယ်ချီ ဒဏ်ရာရ

diz_admin

March 1, 2021

ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး သုံးဦးထက် မနည်းသေဆုံး ခဲ့ပါတယ်။ နေရာအများအပြားမှာ ပစ်ခတ်မှု ဖြစ်တာပါ။ လူ ၆၀ ကျော် ဆေးကုသခံနေရပါတယ်။ ဈေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ လူတစ်ဦး ကျည်ဆံထိပြီး လဲကျနေတာကို ရဲတပ်ဖွဲ့က ချီမသယ်ဆောင်သွားတယ်လို့ ဒက္ခိဏ သတင်းမှာ ရေးထားပါတယ်။ အဲဒီ ဒဏ်ရာရသူ ရဲစခန်းအချုပ်မှာ သေဆုံးနေကြောင်း သတင်းဖော်ပြထားပါ။ တကယ်လို့ အဲဒီ သတင်းသာ အတည်ပြုနိုင်ရန် ထားဝယ်သပိတ် မှာ သေဆုံးသူ လေးဦး ဖြစ်မှာပါ။ သွေးနဲ့မျက်ရည် အပြိုင် ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်ရောက်နေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အလယ်ကနေပိုင်းပြီး လမ်းဆုံကြီးနားကနေ သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ စတင်ဖြိုခွဲပါတယ်။ မျက်စိရှေ့မှာတင် ဒဏ် ရာရသွားတဲ့သုံးဦးလောက်ရှိပါတယ်။ အဲဒီသုံးဦးထဲမှာ လောင်းလုံးမြို့နယ်က […]

သွေးနဲ့မျက်ရည် အပြိုင်

diz_admin

March 1, 2021

ထားဝယ်ပြည်သူ့ဆေးရုံရဲ့ လူသေအလောင်း တွေထားတဲ့ ရင်ခွဲဌာနရှေ့မှာ အမျိုးသမီးနှစ်ဦး ယူကြုံးမရ ငိုကြွေးနေပါတယ်။ သူတို့နှစ်ဦးကတော့ ဖေဖော်aဝါရီလ ၂၈ ရက် ထားဝယ်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေနတ် မှန်သေဆုံးသွားတဲ့ ကိုလွင်လွင်ဦးရဲ့ ဇနီးဖြစ်သူနဲ့ ညီမဖြစ်သူတို့ပဲ ဖြစ်ပါတယ်။ ကိုလွင်လွင်ဦးရဲ့ အလောင်းကတော့ ရင်ခွဲရုံထဲမှာပါ။ ကိုလွင်လွင်ဦး ဟာ ဥတ္တံတားကြီး လမ်းဆုံမှာ ဆန္ဒပြရင်း ရင်ညွန့် အပစ်ခံရတာပါ။ ဆန္ဒပြစစ်ကြောင်းရှေ့မှာ ကာထားတဲ့ သံပြားကို ဖောက်ဝင်ပြီး ကျည်ထိတာပါ။ “ဆေးရုံမှာ အစ်ကို..အစ်ကို … သေသွားပြီ” လို့ ကိုလွင်လွင်ဦးရဲ့ညီမဖြစ်သူက တစ်ယောက် ယောက်ကို ဖုန်းနဲ့ပြောဆိုရင်း ဝမ်းနည်းလာလို့ ငိုချ လိုက်ပါတယ်။ နောက်တစ်ဦးကတော့ ကိုလွင်လွင်ဦးရဲ့ ဇနီး ဖြစ်ပါတယ်။ သူရဲ့မျက်လုံးတွေက ငိုထားရလွန်းလို့ နီရဲနေပါတယ်။ ဘေးကနေပြီး တစ်ယောက်ယောက်က […]

နှစ်သုံးဆယ်ကျော်အတွင်းပထမဆုံးယမ်းနံ့ဝေသည့် ထားဝယ်

diz_admin

February 27, 2021

ပုညက်ညက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကိုင်ထားသည့် သေနတ်မောင်းကို စဆွဲလိုက်သည်။ ပြောင်းချောသေနတ်ဟု ခေါ်သည့် ရော်ဘာကျည်ပစ်ခတ်နိုင်သည့် သေနတ်သံက ထားဝယ်မြို့တွင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံး ကြားလိုက်ရခြင်းဖြစ်သည်။ အဆိုပါရဲတပ်သားပစ်ပြီး တစ်မိနစ်ပင်မကြာလိုက်ပေ။ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုင်ထားသည့် လောင်ချာသေနတ်ပြောင်းဝမှ မီးခိုးဗုံးဟု ကျည်ဆံတစ်ခုထွက်လာပြီး ပေလေးဆယ်ခန့်အကွာတွင် ကျသွားသည်။ ထိုကျည်ဆံမှ မီးခိုးများအူထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမွှန်သွားသည်။ ယင်းရဲတပ်သား လောင်ချာသေနတ်မောင်းဆွဲညှစ်လိုက်ပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်များကလည်း ပြောင်းချောသေနတ်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ကြတော့သည်။ ပထမတွင် ဆန္ဒပြလူအုပ်ကို အတည့်မပစ်သေးဘဲ မိုးပေါ်အနည်းငယ်ထောင်ကာ ပစ်ကြသည်။ ထိုနောက်တွင်မူ လူအုပ်အတွင်းသို့ချိန်ကာ အချက်ပေါင်း ၅၀ ခန့်အထိ ပစ်ခတ်လိုက်တော့သည်။ ၎င်းတို့ပစ်နေသည့် ပစ်မှတ်ကား လက်နက်မဲ့ ဆန္ဒပြလူငယ်အုပ်ဖြစ်ပြီး နေရာကား ထားဝယ်မြို့အလယ်ရှိ ကရပ်ပြင်လမ်းဆုံတွင် ဖြစ်သည်။ အချိန်ကား ဖေဖော်ဝါရီလ ၂၇ ရက် နံနက် […]

အာဏာဖီဆန်ရေးလုပ်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စာပို့

diz_admin

February 25, 2021

တပ်အာဏာသိမ်းသည့်အပေါ် အာဏာဖီဆန်ရေးလုပ်ပြီး ဆန့်ကျင်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စွဲချက်စာပို့ခံရကြောင်း ကာယကံရှင် ဝန်ထမ်းအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်အထိ စာရင်းအရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် တိုင်းအတွင်းမှ ထွေအုပ် ဝန်ထမ်း ၃၇ ဦးရှိပြီး ဝန်ထမ်း အချို့ထံ ထုချေဖြေရှင်းရန် စာပို့ခံထားရကြောင်း တိုင်းထွေအုပ်မှ ယာဉ်မောင်း-၅ ဖြစ်သူ ဦးမြတ်မင်းထွေးက ဆိုသည်။ ၎င်းထံသို့လည်း စွပ်စွဲချက်စာလာပို့ သော်လည်း စာကိုလက်မခံခဲ့ကြောင်း ၎င်းက ပြောသည်။ စစ်အစိုးရလက်အောက်တွင် အလုပ်ဆက်မလုပ်လိုတော့သဖြင့် CDM လုပ်ခြင်းဖြစ်ပြီး ပြည်သူရွေးချယ်သည့် အစိုးရ အုပ်ချုပ်ချိန်မှသာ အစစ်ဆေးခံ နိုင်မည်ဖြစ်ကြောင်း ဦးမြတ်မင်းထွေးက ဆိုသည်။ “အခုစစ်အာဏာရှင်ရဲ့ အောက်မှာတော့ ကျွန်တော်တို့ အစစ်ဆေးမခံနိုင်ဘူး ခင်ဗျား” ဟု ၎င်းက ပြောသည်။ […]

ရေထွက်ကုန်ဈေးကျသဖြင့် ငါးဖမ်းလှေအချို့ရပ်နား

diz_admin

February 25, 2021

၀ယ်လိုအားကျဆင်းခြင်း၊ ကုမ္ပဏီ များက အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းတို့ကြောင့် ရေထွက်ကုန် ဈေးနှုန်းကျဆင်းနေပြီး ငါးဖမ်းလှေအချို့ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ကုန်တင်ပို့ ရောင်းချနေသူ အချို့က‌ ပြောသည်။ ရေထွက်ကုန်ဈေးနှုန်းများထက် ဝက်ခန့်ကျဆင်းနေသည့်အပြင် ပုဂ္ဂလိက ဘဏ်များပိတ်ထားသဖြင့် ရေထွက်ကုန် ရောင်းချမှုတွင် ငွေပေးချေရန်(ငွေလွှဲ ငွေထုတ်ရန်) အခက်အခဲများရှိနေသဖြင့် ငါးဖမ်းလှေ ၃၀ ရာခိုင်နှုန်းခန့်မှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။ “ငွေစီးဆင်းမှု ရပ်ထားတဲ့ သဘောဖြစ်နေတော့ ငါးက ဝယ်တော့ ဝယ်တယ် ငွေမချေနိုင်ဘူးဆိုတော့ လှေပြန်ထွက် ဖို့စရိတ်တင်ဖို့ ပိုက်ဆံလိုတယ်လေ။ အဲဒီတော့ နားတဲ့လှေတွေ နားကုန်တာပေါ့” ဦးကျော်ကျော်သက်က ပြောသည်။ ယင်းသို့ အခက်အခဲဖြစ်နေသည်မှာ တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး ဘဏ်များပိတ်ထား ကတည်း ကဖြစ်သည်ဟု […]

CDM ပြုလုပ်သည့် ကျွန်းစုမြို့ ရပ်/ကျေးထွေအုပ် စာရေးကိုးဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

diz_admin

February 24, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်/ကျေးထွေအုပ်စာရေး ကိုးဦးအား အာဏာဖီဆန်ရေး အလုပ်မဆင်း ဆန္ဒပြ (CDM) ခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ နိုင်ငံဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်ပေါ် တွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုး ပြပြီး လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင် ပတ်သက်နေမှု နှင့် စပ်လျဉ်းကြောင်း ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးက ထုတ်ပြန်ထားသည့် ရုံးအမိန့် စာတွင် ရေးသားထားသည်။ အဆိုပါ ဝန်ထမ်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ(က) နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ […]

ဒီမိုကရေစီ ရေး၊ ဖျက်၊ ပြန်ရေး

diz_admin

February 24, 2021

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့ရှိ ဘုရင့်နောင် အငူတွင် We Want Democracy စာတမ်းကို ဖေဖော်ဝါရီ ၁၆ ရက်က ရေးခြယ်ခဲ့သည်။ ယင်းနောက် ညတွင်းချင်း ပြန်ဖျက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ယင်းစာသားကို ပြန်လည်း ရေးခြယ်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး အာဏာသိမ်းဂယက် မထိ

diz_admin

February 24, 2021

တပ်အာဏာသိမ်းမှုကြောင့် နယ်စပ် ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းပင် လည်ပတ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ဆောင်နေသည့် အဓိက ဝင်ပေါက်သုံးခုရှိသည်။ ထားဝယ်ဒေသရှိ ထီးခီးနယ်စပ် ဂိတ်မှာ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်သွယ်ခွင့်ပြန်ပေးခဲ့ကြောင်း တိုင်းကုန်သည် စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ မောတောင်နယ်စပ်ဂိတ်မှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်ပြီး ကော့သောင်းဝင်ပေါက် မှာမူ ယခင်ကတည်းက ပိတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့နေဆဲဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ “အခုဆိုရင် ပုံစံကြည့်ရတာ ပုံမှန် အတိုင်းသွားနေတဲ့ သဘောရှိတာပေါ့နော်” […]