သရက်ချောင်း ထိုင်သပိတ်
diz_admin
March 3, 2021ရဲတပ်ဖွဲ့ဝင်ခြောက်ဦးက ဒိုင်းပြားများ ကိုင်ဆောင်ပြီး သတိအနေအထားဖြင့် ရပ်နေကြသည်။ ဒိုင်းပြား၏ နောက်ဘက်တွင် ရော်ဘာနံပါတ်တုတ်ထိုး ထားပြီး ရဲအရာရှိများက နောက်ဘက်တွင် ရပ်ကြည့်နေသည်။ ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံ တစ်ခု၏ အရှေ့လမ်းမကြီးတစ်ခြမ်းကို ဘယ်ရီဂိတ်များဖြင့်ပိတ်ပြီး လုံခြုံရေး ယူထားခြင်းဖြစ်သည်။ ထိုဘယ်ရီဂိတ်များအကြားတွင် ပထမစည်း ဒုတိယစည်း တတိယစည်း ဟုရေးသားထားသည့် ဗီနိုင်းပြားများ ထောင်ထားသည်။ ယင်းသတိပေး စည်းများက ပိတ်ထားသည့် လမ်းမတစ်ခြမ်းပေါ်တွင်သာ အကျုံးဝင်သည့် သဘောဖြစ်သည်။ ထိုမြင်ကွင်းကား ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း အခြေအနေဖြစ်သည်။ သရက်ချောင်းမြို့တွင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲကို အင်အားဖြည့်ရန် ထားဝယ်မြို့မှ ပြည်သူများ၊ အင်ဂျင်နီယာများနှင့် ပညာရေး ဝန်ထမ်းများက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် […]


