ကံပေါက်သပိတ် သေနတ်ပစ်ဖောက် လူစုခွဲခံရ
diz_admin
May 2, 2021ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် မေလ ၂ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့နံနက်ကတည်းက ကံပေါက်ဒေသရှိ ကျောက်တိုင်အပါအဝင် လူစည်ကားသည့်နေရာများတွင် ရဲနှင့် စစ်သားများက စောင့်ဆိုင်းနေကြကြောင်း ဒေသခံများက ဆိုသည်။ ထိုကြောင့် နံနက်ပိုင်းတွင် ဆန္ဒမပြတော့ဘဲ နေ့လယ်ပိုင်း ဆန္ဒပြရန် လူစုနေချိန်တွင် ရဲနှင့် စစ်သားများရောက်လာပြီး သေနတ်နှစ်ချက်ဖောက်ကာ လူစုခွဲခဲ့ကြောင်း စစ်ကြောင်းတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ လူစုခွဲပြီး တိမ်းရှောင်သူများအား လမ်းသွယ်အထိ လိုက်လံဖမ်းဆီး ခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိဟုဆိုသည်။ လူစုခွဲပြီးနောက် နေ့လယ် ၂ နာရီခန့်တွင် ကံပေါက်ဒေသ လှည်းကုန်းရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်းအရှေ့တွင် ကျောင်းမတက် ဆေးသပိတ်ကို ပြုလုပ်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ကံပေါက်ဒေသတွင် […]


