ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါမနေ့က ပစ်ခတ်လူစုခွဲတာတွေရှိခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်လုပ်ခဲ့ပါတယ်။ ကံပေါက်ဒေသခံတွေရဲ့ စစ်အာရှင်ဆန့်ကျင်ရေး ၈၅ ရက်မြောက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။
ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။ ယင်းနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား နိုင်ငံရေးနှင့် ပတ်သက်ခြင်းရှိ/ မရှိနှင့် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများက ဆိုသည်။ “နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှု ရှိလားဆိုတာ မေးတယ်၊ တရားခံစစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အေးအေးဆေးဆေးထိုင်ပြီး မေးတယ်” ဟု စစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်မေးကြောင်းကို ပြင်ပသို့ ထုတ်မပြောရန်လည်း မှာလိုက်ပြီး ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ပေးခဲ့ရသည်ဟု ဆိုသည်။ ထိန်းသိမ်းစစ်မေးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ ဦးကို […]
ထားဝယ်မြို့မှာလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူအင်အား ရာပေါင်းများစွာ ပါဝင်လာပါတယ်။
သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့်ရဲက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း ဆန္ဒပြစစ်ကြောင်းလိုက်ပါသူအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ပြင်းဖြူသားရွာရှိ ကျောက်မီးသွေးလမ်းအနီးသို့ ရောက်ရှိချိန်တွင် ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ဆန္ဒပြစစ်ကြောင်းတွင်လိုက်ပါသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းသပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ကျွဲခြံရွာမှတဆင့် သဲချောင်းကြီး၊ စုံစင်ဖျား၊ မြလေးပင်၊ စုံစင်၊ ဆီတော၊ ဆီဒတ်ကျေးရွာများသို့ လှည်လည်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ “လမ်းကနေဖြတ်ပြီး ဖြိုခွင်းခံထိတယ်။ ကျည်အစစ်တွေနဲ့ ပစ်တာ၊ လူတော့ ထိခိုက်မှုမရှိဘူး၊ အမျိုးသမီးကတစ်ယောက် ဆိုင်ကယ်က လေးစီးလောက် ပါသွားတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။ ဝင်းကဖော်ရွာနေ မပြုံးတင့် ဆိုသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် […]