ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

ထားဝယ်တွင် သေနတ်ပစ် အဖမ်းခံရသည့် လူငယ်သေဆုံး

diz_admin

May 4, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် မေလ ၂ ရက်နေ့ ညဆယ်နာရီဝန်းကျင်က သေနတ်ပစ်ခတ် အဖမ်းခံရသည့်လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ညဆယ်နာရီကျော်အချိန်တွင် မင်းရပ်ကျးရွာ (ထိန်လယ်) လမ်းမပေါ်၌ စစ်ကား နှင့်‌တွေ့၍ အဆိုပါ လူငယ်က ဆိုင်ကယ်ရပ်ပြီး ထွက်ပြေးရာမှ စစ်သားများက သေနတ် သုံးချက်ခန့် ပစ်ဖောက်ပြီး စစ်ကားဖြင့်ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူက ဆိုသည်။ စစ်ကားပေါ်တင်ဆောင်သွားသည့် သားဖြစ်သူကို စုံစမ်းရာ မေလ ၃ ရက်နေ့တွင် တပ်ဆေးရုံ၌ သေဆုံးလျက်တွေ့ရကြောင်း ၎င်းက ပြောသည်။ “ညက သေနတ်သံ သုံးလေးချက်ကြားရတယ်။ မနက်ကျမှ ကျွန်တော့်သားလို့ သိတယ်ရတာပေါ့နော်။ စစ်တပ်ဆေးရုံမှာဆိုလို့ သွားကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သေဆုံးသူ၏ ဖခင်ကပြောသည်။ သေဆုံးသူမှာ အသက် ၂၀ […]

ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးနေသူတစ်ဦး ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရ

diz_admin

May 4, 2021

လောင်းလုံးမြို့နယ်တွင် ရော်ဘာခြစ်ရန် မေလ ၁ ရက်နေ့က နေအိမ်မှထွက်သွားသည့် အမျိုးသားတစ်ဦး တပ်ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူမှာ ရော်ဘာခြစ်ရန် ပညစ်ရွာ အသွားလမ်းရှိ ရော်ဘာခြံသို့ ထွက်သွားရာ နေအိမ်သို့ ပြန်ရောက်မလာတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ထိုကြောင့် မိသားဝင်များက မေလ ၃ ရက်နေ့တွင် ထားဝယ်ရှိ တပ်ဆေးရုံသို့ သွားရောက်စုံစမ်းရာ ကိုအောင်သူအား ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုလ်လိုက်ပြီဟု သိရကြောင်း ၎င်းက ပြောသည်။ တပ်ဆေးရုံတာဝန်ရှိမှ သေဆုံးသူ၏ ဓာတ်ပုံအထောက်အထားအား ပြသရာမှ ကိုအောင်သူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။ “အထောက်အထားတွေအရတော့ သူ(ကိုအောင်သူ) ဆိုတာ သေချာတယ်။ ဒါပေမယ့် ကျွန်မတို့အလောင်းတောင်မမြင်ရဘူး။ […]