ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

ကျောက်နီမော်ရွာသား တစ်ဆယ်ကျော် အဖမ်းခံရ

diz_admin

May 15, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာသား တစ်ဆယ်ကျော် အဖမ်းခံထားရကြောင်း ယင်းရွာတွင် နေထိုင်သူအချို့ထံမှ သိရသည်။ မေလ ၁၄ ရက်နေ့က ကျောက်နီမော်ရွာ ရဲကင်းစခန်းတွင် ရဲနှင့်စစ်သား နှစ်ဆယ်ကျော် တပ်လာစွဲပြီးနောက် ၎င်းတို့ စာရင်းစာရွက်ပါ ရွာသားများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေကာ ဖမ်းဆီးခဲ့ဖြစ်ကြောင်း ‌၎င်းတို့က ပြောသည်။ “အဖမ်းခံရတဲ့အားလုံးက နိုင်ငံရေးကြောင့်မဟုတ်ဘူး။ လူမူရေးကိစ္စတွေနဲ့ သတင်းပေးပြီးတိုင်လို့ အဖမ်းခံရသူတွေလည်း ပါတယ်” ဟု ယင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယမန်နေ့ ည‌ ၇ နာရီခန့်မှစပြီး ညနက်ပိုင်းအချိန်အထိ နေအိမ်များနှင့် လှေထဲတွင်လိုက်လံရှာဖွေဖမ်းဆီးခြင်းကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ဆိုသည်။ အဖမ်းခံရသူ ၁၁ ဦးကို မေလ ၁၅ ရက် နံနက် ၁၀ နာရီကျော်အချိန်အထိ […]