ရှေ့နေအခက်အခဲကြောင့် ဖမ်းဆီးခံသတင်းထောက်ကိုယ်တိုင် ခုခံချေပမည် ဟုဆို
diz_admin
May 17, 2021ရှေ့နေငှားရမ်းရ ခက်ခဲမှုကြောင့် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက်ကိုအောင်ကျော် ကိုယ်တိုင် လာမည့်ရုံးချိန်းတွင် ခုခံချေပမည်ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူကပြောသည်။ သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။ ကိုအောင်ကျော်အမှု ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် မေလ ၁၈ ရက်နေ့တွင် ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် ၎င်းကိုယ်တိုင် ခုခံချေပမည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မနေခြည်မိုးထက်က ဆိုသည်။ တရားစွဲဆိုခံရပြီးနောက် DVB သတင်းဌာနက ရှေ့နေငှားရန်စီစဉ်ပေးခဲ့သော်လည်း လိုက်ပါဆောင်ရွက်ပေးမည့် ဒေသခံရှေ့နေ ငှားရမ်းရန် အခက်အခဲရှိနေရှိနေကြောင်း မနေခြည်မိုးထက်က ပြောသည်။ “ရှေ့နေငှားမရလည်း သူကိုယ်တိုင် ခုခံထုချေသွားမယ်လို့ သူကပြောတယ်”ဟု ၎င်းက ဆိုသည်။ ကိုအောင်ကျော်အား တရားစွဲဆိုပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ မြိတ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် […]


