လောင်းလုံးမြောက်ပိုင်းကျေးရွာတွေရဲ့ ယမန်နေ့ညနေ သပိတ်
diz_admin
May 27, 2021လောင်းလုံးမြို့နယ်ထဲက လေးသွန်းခံ၊ကညုံကျွန်း၊ဂေါ့အင်း၊တီဇစ် ကျေးရွာတွေမှာ မေလ ၂၆ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါလောင်းလုံးမြို့နယ်ထဲက လေးသွန်းခံ၊ကညုံကျွန်း၊ဂေါ့အင်း၊တီဇစ် ကျေးရွာတွေမှာ မေလ ၂၆ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်မြို့တွင် ယမန်နေ့က လူငယ်များ လက်ဖက်ရည်ဆိုင်သပိတ်လုပ်သည့် ဆိုင်မှ ဆိုင်ပိုင်ရှင်ကို မေလ ၂၆ ရက်နေ့ နံနက်က လာရောက်ဖမ်းဆီးသွားကြောင်း ဆိုင်အနီးတွင် နေထိုင်သူအချို့ထံမှ သိရသည်။ ကညုံရပ်ကွက် တောင်ခွလမ်းဆုံအနီးရှိ ‘ဦးတင်ထွန်းဆိုင်’ ဟု လူသိများသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ထွန်းကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းလက်ဖက်ရည်ဆိုင်တွင် မြို့ခံလူငယ်များက လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ကြခြင်းဖြစ်သည်။ ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကVigo ကားနှစ်စီးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကိုမူ မပြောကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ “ဆိုင်ရှင်ကို လာမေးပြီးတော့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်ခင်ဗျား” ဟု ၎င်းက ပြောသည်။ အထက်ပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပြင် ဘုမ္မော်ရပ်ကွက် သတ္တုရုံးလမ်းထိပ်ရှိ အခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်ကိုလည်း […]
ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းဟာ မေလ ၂၆ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက မောင်းမကန်၊ဝေဒီ၊ညင်းမော်၊စစ်ပြဲ စတဲ့ကျေးရွာတွေမှာ မေလ ၂၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေပြည်သူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက နခံတော၊ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ငယ်ဆိပ် စတဲ့ကျေးရွာတွေမှာ မေလ ၂၅ ရက်ကဆုန်လပြည့်နေ့ ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စု မော်ကြီးရွာက အမျိုးသားလေးဦးအား ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၆ ရက် နံနက်ပိုင်းတွင် ရဲနှင့်စစ်သားများ မော်ကြီးကျေးရွာ စာသင်ကျောင်းသို့ရောက်လာပြီးနောက် စာသင်ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူလေးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို အပြင်ကို ခေါ်ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ ပြီးတာနဲ့ ဘာတွေထည့်ထားတဲ့ အိတ်မှန်းတော့မသိဘူး အဲဒါတွေ ထမ်းခိုင်းပြီးတော့ ရွာပတ်ခိုင်းတယ်” ဟု မျက်မြင်တွေ့သူ ၎င်းအမျိုးသားက ဆိုသည်။ ယင်းအဖမ်းခံထိသူအမျိုးသားလေးဦးအား တပ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားပြီး ယနေ့ နေ့လယ် သုံးနာရီအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက မောင်းမကန် ၊ညင်းမော်၊ ဝေဒီ စတဲ့ ကျေးရွာများတွဟာ မေလ ၂၅ ရက်နေ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မနက်ပိုင်း က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။