သေနတ်ထိ သေဆုံးသွားသူ သဘော့ဆိပ်ရွာမှ အမျိုးသမီးနှစ်ဦး အလောင်းပြန်မရတော့
diz_admin
June 3, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ဒေသအခေါ် ချောင်းဝပြင်ရွာတွင် စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မအေးချိုနှင့် ဒေါ်ဆန်းပိုတို့နှစ်ဦး၏ အလောင်းပြန်မရတော့ကြောင်း မိသာစုဝင်တစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးနှစ်ဦးစလုံးကို မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်းနှင့် အလောင်းဓာတ်ပုံများကို မိသာစုဝင်တို့ထံ မေလ ၃၁ ရက် ညနေပိုင်းတွင် ပေးပို့ အကြောင်းကြားလာကြောင်း ဒေါ်စန်းပို၏ အမျိုးသား ဦးစိုးစိုးက ပြောသည်။ “အလောင်းမရဘဲနဲ့ပဲ ရက်လည်ဆွမ်းကျွေးရတော့မှာပေါ့” ဟု ဦးစိုးစိုးက ဆိုသည်။ ဇွန်လ ၅ ရက်နေ့တွင် သေဆုံးသူနှစ်ဦးအတွက်ရည်စူးပြီး ရက်လည်ဆွမ်းကျွေးမည်ဖြစ်သည်။ မအေးချိုနှင့် ဒေါ်ဆန်းပိုသည် မေလ ၂၉ ရက်ညက စစ်သားများ ချောင်းဝပြင်ရွာထဲဝင်လာသဖြင့် ကြောင့်လန့်ပြီး ထွက်ပြေးရာ သေနတ်ဖြင့် အပစ်ခံလိုက်ရကာ သေဆုံးသွားခြင်းဖြစ်သည်။ မိသားစုဝင်တို့က ထားဝယ်စစ်တပ်ဆေးရုံသို့သွားရောက်ကာ အလောင်းပြန်ရရှိရေး ကြိုးပမ်းခဲ့ကြသေးသည်။ သေဆုံးသူ အသက် […]


