မိုးစက်ကြားက လောင်းလုံးကျေးလက်သပိတ်
diz_admin
June 12, 2021ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊အောက်ရေဖြူ စတဲ့ ကျေးရွာများဟာ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊အောက်ရေဖြူ စတဲ့ ကျေးရွာများဟာ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ခန္ဓာကိုယ်မသန်စွမ်းသည့် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုမင်း အဖမ်းခံထားရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ ခန္ဓာကိုယ်မသန်စွမ်းသည့် ကိုအောင်ကိုမင်းသည် ဇွန်လ ၁၁ ရက်နေ့တွင် သုံးဘီးတပ် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်သွားပြီး ယနေ့အချိန်အထိ အိမ်ပြန်မရောက်သဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း ၎င်း၏အစ်မဖြစ်သူက ဆိုသည်။ ထိုသို့စုံစမ်းရာ ထားဝယ်မြို့ရှိ တပ်ရင်းတစ်ခုတွင် ဖမ်းဆီးခံထားရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ “သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ စစ်ဆေးစရာရှိလို့ ဖမ်းထားတယ်ဆိုတာပဲ သိရသေးတယ်” ဟု အစ်မဖြစ်သူက ဆိုသည်။ ကိုအောင်ကိုမင်းသည် ခန္ဒာကိုယ်မသန်စွမ်းသော်လည်း သုံးဘီးတပ်ဆိုင်ကယ်ဖြင့် သွားလာလှုပ်ရှားပြီး စာစီ၊ စာရိုက် လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင် စာစီ၊ စာရိုက်လုပ်ငန်း ထူထောင်နိုင်ရန် ကြိုးစားနေသူလည်း ဖြစ်ကြောင်း သိရသည်။ […]
ဇွန်လ ၁၂ရက်၊ ထားဝယ်မြို့အရှေ့ဘက်၊ အရှေ့တောနယ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း။
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကုန်းဇရပ်၊ ညင်းမော် စတဲ့ကျေးရွာများဟာ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကဒက်ကြီး၊ ပြင်ကျောင်း၊ နတ်စင်ရှောင်၊ကြက်ယက်တွင်းကျေးရွာများတွင် ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
တပ်ပေါင်းစုစစ်ကြောင်းနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းသည် ဇွန်လ ၁၂ ရက် နံနက်ပိုင်းက အဖြူရောင်အင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။
ထားဝယ်မြို့၊ မြို့သစ် ၇ လမ်းတွင် ဖမ်းခံရသည့် ကိုဝေယံကျော်အား မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောကြားသည်။ ထားဝယ်မြို့သစ်ရှိ ကိုဝေယံကျော်ပိုင်သည့် စားသောက်ဆိုင်အတွင်းသို့ အရပ်ဝတ်နှင့် လူလေးဦးဝင်လာပြီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ပြောသည်။ သားဖြစ်သူကို မည်သူတို့က မည်သည့်နေရာသို့ မည်သည့်အကြောင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။ “အရင်တုန်းက ဆန္ဒပြပွဲတွေရှိတုန်းကတော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ဆိုတော့ တစ်ခါတစ်လေလည်း လိုက်ဖြစ်တယ်ပေါ့၊ နောက်ပိုင်းကတော့ မလိုက်ဖြစ်ပါဘူး”ဟု မိခင်ဖြစ်သူက ဆိုသည်။ မနေ့ ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းတွင်သွားရောက် မေးမြန်းခဲ့သော်လည်း ဖမ်းဆီးလာသူမရှိဟု ပြန်လည်ပြောဆိုသဖြင့် မိသားစုဝင်များက ကိုဝေယံကျော်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု ပြောသည်။ ကိုဝေယံကျော်မှာ အသက် ၂၅ နှစ်ခန့်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။