အလုပ်ထုတ်ခံရသည့် စိုက်ပျိုးရေး ဝန်ထမ်းများထံမှ လျော်ကြေးတောင်း
diz_admin
July 4, 2021အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခြင်းကြောင့် အလုပ်ထုတ်ခံရသည့် တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများထံမှ တစ်ဦးလျှင် ဆယ်သိန်းကျပ် လျော်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး သတ်မှတ်ကာလ မပြည့်ခင် အလုပ်ထွက်လိုက်သဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လျော်ကြေးတောင်းခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနတွင် CDM လုပ်သူ ဝန်ထမ်း ၁၆၀ ကျော် အလုပ်ထုတ်ခံရပြီး လျော်ကြေးပေးရမည့်သူမှာ ၃၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။ လျော်ကြေးငွေမှာ ရာထူးအလိုက် အနည်းအများကွာခြားမှုရှိပြီး အနိမ့်ဆုံး ဆယ်သိန်းကျပ်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်ယင်းလျော်ကြေးအပြင် နှစ်လစာချေးငွေလည်း ပြန်ဆပ်ရန်ရမည်ဟု အကြောင်းကြားထားကြောင်း ဆိုသည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတို့ဘက်ကမူ လျော်ကြေးငွေနှင့် နှစ်လစာချေးငွေများကို ပြန်ပေးမည်မဟုတ်ဟု ပြောဆိုကြသည်။ “ချေးငွေကို သူတို့လက်ထက်မှယူထားတာမဟုတ်လို့ ပြန်မဆပ်ဘူး။ အလုပ်ထွက်တာကလည်း […]


