ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်ဖြစ်

diz_admin

July 6, 2021

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်တွင် ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်းချီရပ်ကွက်နှင့် ဒေါင်းငူတံငါရက်ကွက်တို့တွင် အမျိုးသားနှစ်ဦးကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဇူလိုင်လ ၄ ရက်ညတွင် ဆန်းချီရပ်ကွက်နေ အသက် ၄၅ နှစ်ခန့်ရှိ ဦးအောင်မြင့်ကို နေအိမ်တွင် လာရောက် ပစ်ခတ်ခဲ့ရာ ညာဘက်မျက်ခုံးတွင် ဖောက်ဝင်ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုနောက် ဆေးရုံသို့ အရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၅ ရက်ညတွင်မူ ဒေါင်းငူတံငါရပ်ကွက်နေ အသက် ၆၅ နှစ်ခန့်ရှိ ဦးမောင်မြင့်ကိုလည်း ၎င်းနေအိမ်တွင်ပင် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]

မြိတ်တွင် အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံရ

diz_admin

July 5, 2021

စစ်လက်နက်ပြင်ဆင်ချထားသည်ကို ဓါတ်ပုံရိုက်ကာ လူမှုကွန်ရက် ဖေ့စဘွတ်ပေါ်တင်ခဲ့သည်ဆိုကာ အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံခဲ့ရကြောင်း ကျွဲကူး ရွာသားများ ထံမှသိရသည်။ မြိတ်မြို့အဝင် နေရာတစ်ချို့တွင် စစ်လက်နက်ချထားသည်ကို ဓါတ်ပုံရိုက်၍ အမျိုးသမီးငယ်နှစ်ဉီးက ဇူလိုင်လ ၃ ရက်နေ့တွင် Facebook ပေါ်တင်ခဲ့ပြီးနောက် ည ၁ နာရီအချိန်တွင် ကျွဲကူးကျေးရွာ သုဝဏ္ဏရပ်ကွက်သို့ ရဲနှင့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ရပ်ကွက်သားများကပြောသည်။ “ဒီကောင်မလေးနှစ်ယောက်က လူမှုကွန်ရက်ပေါ် တစ်ကယ်တင်သလား မတင်ဘူးလားဆိုတာတော့ အတိအကျမသိဘူး” အဆိုပါရပ်ကွက်သား ကပြောသည်။ အဖမ်းခံရသည့် မအေးမြတ်မွန်နှင့် မဇင်မာဖြိုးတို့နှစ်ဉီးစလုံးသည် တက္ကသိုလ်ကျောင်းသူများဖြစ်ကြပြီး ကျွဲကူးကျေးရွာတွင် နေထိုင်ကြသည်။ အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံရမှု အခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့် ဆက်သွယ်ရန် ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။ ကျွဲကူးကျေးရွာသည် မြိတ်မြို့နှင့်ရန်ကုန်-ထားဝယ် သွားသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော […]

လောင်းလုံးတောင်ပိုင်းသပိတ်

diz_admin

July 5, 2021

လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတွေမှာ ဇူလိုင်လ ၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ယနေ့ ထားဝယ်သုံးခရိုင်သပိတ်

diz_admin

July 5, 2021

ဇူလိုင် ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ထားဝယ်မြို့တွင် ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသပိတ်စစ်ကြောင်း၊  သရက်ချောင်းမြို့နယ်ရှိ ပန်းတော့ကျေးရွာ စစ်ကြောင်း နှင့် ကံပေါက်ဒေသသပိတ် စစ်ကြောင်းတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

လောင်းလုံးကျေးလက်သပိတ်

diz_admin

July 5, 2021

လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်းရွာ၊ မောင်းမကန်နဲ့ ညင်းမော်ကျေးရွာတွေမှာ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 5, 2021

လောင်းလုံးမြို့နယ်ရှိ ရေဖြူကျေးရွာနဲ့ စစ်ပြဲကျေးရွာတွေမှာ ဇူလိုင်လ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 5, 2021

လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံ၊ အောက်ကျောက်ဝပ်၊ အောက်ရေဖြူနဲ့ စစ်ပြဲကျေးရွာတွေမှာ ဇူလိုင်လ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။