ပျောက်ဆုံး သရက်နှစ်ခွ ရွာသားနှစ်ဦး ရဲစခန်းတွင် ပြန်တွေ့
diz_admin
July 7, 2021ဇွန်လ ၂၇ ရက်နေ့ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် တစ်ပတ်အကြာ အဆက်အသွယ်မရ ဖြစ်နေသော သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာသားနှစ်ဦးကို သရက်ချောင်းမြို့မ ရဲစခန်းတွင် ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ သရက်ချောင်းမြို့မှ ရဲစခန်းမှ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ၎င်းတို့၏မိသားစုထံ ဖုန်းဆက်သွယ်အကြောင်းကြားလာပြီး ယင်းတို့နှစ်ဦးကို အချုပ်အတွင်း တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်က ပြောသည်။ “အဝတ်အစားတွေလာပေးရင်ပေးပါ။ သရက်ချောင်းရဲစခန်းထဲ ရောက်နေတယ်”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက အကြောင်းကြားလာကြောင်း ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ မောင်ကျော်လင်းကိုနှင့် မောင်ကျော်ပိုင်စိုး တို့ လူငယ်နှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားတွင် ၎င်းတို့၏တယ်လီဖုန်းကို စစ်ဆေးရာမှ ဖမ်းဆီးခံလိုက်ရပြီး အမှတ် ၄၀၁ ထားဝယ်တပ်နယ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက်တွင်မှ ရဲစခန်းတွင် တွေ့ခွင့်ရကြောင်း အထက်ပါ […]


