ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

မြိတ်တွင် မူးယစ်ဆေးနှင့် လက်နက်များ လိုက်လံရှာဖွေ

diz_admin

July 8, 2021

မြိတ်ရှိရပ်ကွက်တစ်ချို့တွင် တပ်ကောင်စီအဖွဲ့မှ မူးယစ်ဆေးနှင့်လက်နက်များ လိုက်လံရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၇ ရက်နေ့ညနေပိုင်းတွင် လာရောက်၍ မူးယစ်ဆေးရောင်းချနေသည်ဟု ယူဆရသည့် နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး လူနှစ်ဉီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ ယင်းအပြင် ည ၈ နာရီခန့်တွင်လည်း အဆိုပါရပ်ကွက်သို့ ထပ်မံလာရောက်ခဲ့ကြပြီး ယင်းရပ်ကွက်ရှိ ထုံးဖိုဗလီအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ရပ်ကွက်သားများ ကပြောသည်။ “တစ်နာရီကျော်ကျော်လောက် အချိန်ယူပြီး ဝင်ရှာတယ်။ လူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဘာလက်နက်မှလည်းမတွေ့ရဘူး”ဟု ကန်ခေါင်းရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ တပ်ကောင်စီတပ်ဖွဲ့ က အဆိုပါရပ်ကွက်သို့ လာရောက်ရှာဖွေရာတွင် ကားအသေး ခြောက်စီးနှင့် စစ်ကားကြီးတစ်စီးတို့ဖြင့် လာရောက်ကာ ရှာဖွေခဲ့ကြကြောင်း ၎င်းတို့ကဆိုသည်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 8, 2021

လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံ၊ စစ်ပြဲ၊ ဝေဒီ၊ မဲမော်၊ ညောပြင်၊ ထိန်တွင်း၊ မောင်းမကန်၊ ညင်းမော်ကျေးရွာတွေမှာ ဇူလိုင်လ ၇ ရက်၊ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 8, 2021

လောင်းလုံးမြို့နယ်ရှိ အောက်ရေဖြူ၊ အောက်ကျောက်ဝပ်၊ လေးသွန်းခံ၊ ဝဗျောကျေးရွာတွေမှာ ဇူလိုင်လ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ထားဝယ်သပိတ်

diz_admin

July 8, 2021

ထားဝယ်မြို့မှာ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဒီလိုဆန္ဒပြရာမှာ ထားဝယ်ပင်မသပိတ်စစ်ကြောင်း၊ ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ မြို့ခံတွေ ပါဝင်ပါတယ်။

လောင်းလုံးကျေးလက်ညနေသပိတ်

diz_admin

July 7, 2021

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ လေးသွန်းခံ၊ ကထောင်းနီ၊ ကညုံကျွန်း‌ကျေးရွာနဲ့ ထိန်တွင်းကျေးရွာတွေမှာ ဇူလိုင်လ ၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ဇူလိုင် 7 ထားဝယ်သပိတ်

diz_admin

July 7, 2021

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ လူငယ်ရေးရာ သပိတ်စစ်ကြောင်းဟာ ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။