ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထားဝယ်မြို့ဝင်ထွက် ခွင့်ပြုမည်ဟု တင်းကြပ်၍ ပြည်သူများ အခက်တွေ့
diz_admin
July 19, 2021ထားဝယ်မြို့အဝင်ဂိတ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားခွင့်ပြုမည်ဟု တင်းကြပ်ထားသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။ အဆိုပါမြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာရာတွင် ယခင်က ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်များမှတ်သားပြီး မှတ်ပုံတင်ပြကာ သွားနေရာမှ လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။ သရက်ချောင်းဘက်မှ ထားဝယ်မြို့အတွင်း ပြန်လာချိန်တွင် မှတ်ပုံတင်နှင့်ယာဉ်မောင်းလိုင်စင်ပါသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါသည့်အတွက် ယာဉ်မောင်းလိုင်စင် သိမ်းထားခဲ့ကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။ ပေါက်တိုင်းတံတားဂိတ်တွင် စောင့်နေသည့် စစ်သားက သိမ်းထားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပြပြီး ပြန်လာယူရန် ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ရပ်ကွက်မှာ မရှိဘူးလို့ ပြောတော့ ဒီဟာကို သူမသိဘူးတဲ့၊ အုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ သွားခိုင်းမယ်လို့ ပြောလိုက်တယ်”ဟု ၎င်းက ပြောသည်။ သို့ရာတွင် […]


