လောင်းလုံးတွင် ညီကိုရှာမတွေ့သဖြင့် အစ်ကိုနှင့်တူဖြစ်သူ ရိုက်နှက်ခံရ ဟုဆို
diz_admin
August 3, 2021လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးကျေးရွာတွင် ဇူလိုင်လ၂၇ ရက်ညက ရဲနှင့် စစ်သားများရောက်လာပြီး ၎င်းတို့လာရှာသူကို မတွေ့သဖြင့် အစ်ကိုဖြစ်သူနှင့် တူဖြစ်သူကို ရိုက်နှက်သွားကြောင်း ကာယကံရှင်နှင့် မိသားစုဝင်ထံမှ သိရသည်။ အဆိုပါကျေးရွာနေ ဦးကံဝင်းအား လာရှာဖွေရာ မတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးမျိုးဦးနှင့် တူဖြစ်သူ ကိုဇေမင်းထက်ကို ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။ ဦးမျိုးဦးနှင့် ကိုဇေမင်းထက်မှာ သားအဖ တော်စပ်သည်။ ထိုညတွင် ရဲနှင့် စစ်သားများရောက်လာပြီးနောက် ၎င်းတို့သားအဖနှစ်ဦးအား အိမ်ပေါ်မှဆွဲချပြီး ဒူးထောက်ထိုင်စေကာ သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း ကိုဇေမင်းထက်က ဆိုသည်။ ထိုနောက် ခြေထောက်ဖြင့် ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ၎င်းက ပြောသည်။ “အချက်တောင် မရေနိုင်ဘူး။ တစ်ခါလဲကျ ပြန်ထရိုက် သတိလစ်မတက် ဖြစ်နေတာတောင် ပြန်နှိုးပြီးရိုက်တယ်။ မင်းမရှိတဲ့ တိုင်းပြည်မှာ […]


