ထားဝယ်ခရိုင်လုံးဆိုင်ရာ လောင်းလုံးသပိတ်
diz_admin
August 13, 2021ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ ဩဂုတ်လ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ ဩဂုတ်လ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ “ဗုံးကွဲတာက နှစ်နေရာပေါ့ သုံးလုံးကွဲတယ် အသံကအကျယ်ကြီးပဲ။ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်ကအိမ်တစ်လုံးမှာ ပေါက်ကွဲခဲ့တာ”ဟု ဒေသခံရွာသားတစ်ဉီးကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာသားကပြောပြသည်။ အဆိုပါဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပဝတ်ကုန်းရွာသားတစ်ဦးအား ရဲနှင့်စစ်သားများမှ လာရောက်ခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်းတွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ခဲ့ဖူးပြီး ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ရွာသားများထံမှသိရသည်။ ပဝတ်ကုန်းကျေးရွာသည် ထားဝယ်-မြိတ် လမ်းပေါ်တွင် […]
လောင်းလုံးမြို့နယ်ရှိ ဝဗျောကျေးရွာမှာ ဩဂုတ်လ ၁၀ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီနဲ့ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်တွေပူးပေါင်းပြီး ဩဂုတ်လ ၁၁ ရက် မနက်က လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ် ကျေးလက်ဒေသနေ လူငယ်တွေ စုပေါင်းပြီး ဩဂုတ်လ ၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်မြို့ပေါ်နဲ့ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးလက်ဒေသတွေမှာ ဩဂုတ်လ ၈ ရက်နေ့က ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ရှိ ကုန်းဇရပ်ကျေးရွာနဲ့ ဝဗျောကျေးရွာတွေမှာ ဩဂုတ်လ ၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်ကျေးရွာ၊စစ်ပြဲကျေးရွာနဲ့မဲမော်ကျေးရွာတွေမှာ ဩဂုတ်လ ၄ ရက်နဲ့ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။