ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော
diz_admin
February 8, 2021မြိတ်ဒေသနေပြည်သူများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ တပ်မတော်မှ အာဏာကို သိမ်းပြီး နာရီဝက်အတွင်း မြိတ်မြို့ရှိ အိုကေဆန်ဆိုင်အပါအဝင် ဆန်ဆိုင်များတွင် တိုးဝှေ့ဝယ်ယူမှုများ ဖြစ်နေခဲ့သည်။ ယင်းအပေါ်မစိုးရိမ်ရန်နှင့် ဆန်ပြတ်လပ်မည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောဆိုသည်။ “ဆန်ကကျွန်တော့်ဆီမှာ သောင်း ချီပြီးရှိနေသေးတယ်။ ဖျာပုံက ဆန်တင် သင်္ဘောလည်း ဆင်းလာနေပါတယ်” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းမှုကြောင့် ပြည်သူ လူထုများ စိုးရိမ်စိတ်မြင့်တက်ခဲ့ပြီး ဆန်များအလုအယက်ဝယ်ယူခဲ့ရာ နောက်လယ်ရပ်ကွက်ရှိ အိုကေဆန်တစ်ဆိုင်တည်း ၃ နာရီအတွင်း ၂၄ ပြည်ဝင် ဆန်အိတ် သုံးထောင်ကျော်ကို ပုံမှန်ဈေးဖြင့် ရောင်းချခဲ့ကြောင်း ဦးမောင်ထွေး က ပြောပြသည်။ “လူတစ်ဦးကို နှစ်အိတ်နှုန်းနဲ့ရောင်း ချပေးခဲ့တယ်။ သူဌေးတွေဝယ်ပြီး […]


