ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံရေး

အတားအဆီး အလှည့်အပတ်များနှင့် စတုတ္ထနေ့ ဆန္ဒထုတ်ဖော်မှု မြိတ်မြင်ကွင်းများ

diz_admin

February 16, 2021

မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁ သုံးရက်တိုင်တိုင် စစ်အစိုးရအလိုမရှိကြောင်း လမ်းပေါ်ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည့် ပြည်သူများ ဒီကနေ့တော့ ခြေကုန် လက်ပန်းကျကာ သိပ်ပြီးအင်အားမပြနိုင်ကြတော့ဟု ထင်ထားခဲ့သည်။ သို့သော် ယင်းအမြင်မှားမှန်း သပိတ်တပ်ကို မြင်မှ သိလိုက်ရသည်။ သပိတ်တပ်က ပြီးခဲ့သည့်တတိယရက်နှင့်မခြား။ လူအင်အား တောင့်တုန်း၊ တင်းတုန်း အခြေအနေတွင် ရှိနေသလို။ ကတ္တရာလမ်းပေါ်တစ်လှမ်းခြင်း တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားသည့် ၎င်းတို့ခြေဖဝါး နုနုကြမ်းကြမ်းတွေက ယခင်နေ့များက အရှိန်အတိုင်း။ လုံးလုံးမှ လျော့ကျမသွားသေး။ မနေ့က ချီတက်ခဲ့သည့် စစ်ကြောင်းတစ်ခုနှစ်ခုက ယနေ့တွင် ဆက်မပါလာတော့။ ယင်းအစား သူတို့နေရာတွင် အားကောင်း မောင်းသန် ခြေတက်လူငယ် စစ်ကြောင်းများက အားသစ်လောင်းကာ အစားထိုးပါဝင်လာကြသည်။ မနေ့က အသက်အရွယ်ဌာန စုံသော်လည်း ဒီကနေ့တော့ နှစ်ဆယ်မှ သုံးဆယ် သန်တုန်းမြန်တုန်း […]

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 16, 2021

(ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၀) တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက် ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်း အချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။ ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။ ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ […]

မြိတ်တွင် သိန်းချီသည့် ပြည်သူနှင့်နိုင်ငံ့ဝန်ထမ်းများ အထွေထွေသပိတ်ဆင်နွှဲ

diz_admin

February 16, 2021

(မြိတ်သပိတ် သုံးရက်မြောက်နေ့ -ဖေဖော်ဝါရီ ၉ ) တပ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေနှင့် သိန်းချီ သည့်ပြည်သူလူထုနှင့်အတူ နိုင်ငံ့ဝန်ထမ်းများလည်း မြိတ်မြို့ ဖေဖော်ဝါရီ ၉ ရက်နေ့ သပိတ်တွင်ပါဝင်လာသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က လူထောင်ချီ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြရာမှ ဒုတိယနေ့တွင် လူသောင်းချီရှိခဲ့ပြီး ဖော်ဖော် ဝါရီ ၉ ရက်နေ့တွင်နိုင်ငံ့ဝန်ထမ်းများပါဝင်လာခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများထဲတွင် ရာပေါင်းများစွာပါဝင်သည့် ပညာရေး ဌာနမှ ကျောင်းဆရာ/ဆရာမများနှင့် အဖြူစိမ်းဝတ်ကျောင်းသား/ကျောင်းသူများ၊ ရာချီသည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာန များမှ အစိုးရဝန်ထမ်းများ၊ ရှေ့နေများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ပါဝင်သည်။ ယင်းအပြင် ရဲဝန်ထမ်းတစ်ဦးသည်လည်း ဆန္ဒပြ ပြည်သူများ နှင့်အတူ ပူးပေါင်းခဲ့သည်။ အစိုးရဝန်ထမ်းများမှ “ရုံးမတက်နဲ့ ရုန်းထွက်” “စစ်အစိုးရ အလိုမရှိ” “အမေစုနှင့် ဖမ်းဆီးထားသူ […]

ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်း ဖမ်းဆီးခြင်းထပ်မလုပ်ရန် ထားဝယ်ပါတီ CEC အချို့ တောင်းဆို

diz_admin

February 16, 2021

တပ်မတော်အာဏာသိမ်းမှုအပေါ် ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေမှုအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ထပ်မလုပ်ရန် ထားဝယ် တိုင်းရင်းသားများပါတီ အလုပ်မှုဆောင် ကော်မတီဝင် အချို့က တောင်းဆိုလိုက်သည်။ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် သုံးဦး နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နှစ်ဦး၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် တပ်မတော်က မည်သည့်အကြောင်းကြောင့်ဖြစ်စေ တပ်မတော်အာဏာသိမ်းခြင်းကို လက်မခံကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ထပ်မံဖမ်းဆီးခြင်း မလုပ်ရန်နှင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။ ထိုအကြောင်းအရာများကို ထားဝယ် ပါတီအနေဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ အတွင်းရေးမှူးအဖွဲ့ဝင်သုံးဦးနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နှစ်ဦးတို့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ စစ်အာဏာသိမ်းသည့်အပေါ် ထားဝယ်တိုင်းရင်းသားများပါတီက အချိန်အတိုင်းအတာတစ်ခုအထိ ရေငုံနှုတ်ပိတ်နေသည့်အပေါ် ဝေဖန်ပြောဆိုမှုများ လည်းရှိသည်။ ယင်းသို့ထုတ်ပြန်ရန် ပါတီတွင်း […]

အာဏာသိမ်းအစိုးရကို စွမ်းအင် ကုမ္ပဏီများ မထောက်ပံ့ရန် ဆန္ဒပြ

diz_admin

February 16, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖေဖော်ဝါရီလ ၁၂ ရက် ဆန္ဒပြပွဲတွင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ အာဏာ သိမ်းအစိုးရကို မထောက်ပံ့ရန် တောင်းဆိုခဲ့ကြသည်။ ကံပေါက်ဒေသတွင် Petronas၊ PTTEP၊ TOTAL၊ Chervon၊ MOGE နှင့် JX စသည့် စွမ်းအင်ကုမ္ပဏီများ အခြေစိုက်ရာဒေသဖြစ်ပြီး ကမ်းလွန် စွမ်းအင်များကို ထိုင်းနိုင်ငံသို့အဓိကတင် ပို့သည်။ ယင်းသို့တောင်းဆိုသည့်ဆန္ဒပြပွဲမှာ လူတစ်ရာကျော်ပါဝင်သည့် အုန်းပင်ကွင်း ကျေးရွာဆန္ဒပြပွဲမှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ယင်းမှ တစ်ဆင့် ကံပေါက်ဒေသ ဆန္ဒပြပွဲတွင် သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “ဂစ်(စ်)တွေက စစ်တပ်ကိုအထောက် ပံ့ဖြစ်စေတယ်လေ။ အခုဖြစ်နေတာတွေကလည်း စစ်တပ်ကြောင့်ပဲဖြစ်နေတာ ဆိုတော့ သူတို့ကို စွမ်းအင်တွေ မထောက်ပံ့ဖို့အတွက် တောင်းဆိုဖြစ်တာ” ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက […]

တနင်္သာရီတိုင်းက အကျဉ်းသားတစ်ထောင်ကျော်ကို ပြန်လွှတ်

diz_admin

February 16, 2021

တပ်ကအာဏာသိမ်းပြီး ၁၂ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်က တနင်္သာရီတိုင်းမှ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတစ် ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ ထားဝယ်အကျဉ်းထောင်မှ ၁၄၅ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၆၂ ဦး၊ ကျောက်ဖြူကျောက်ထုတ်စခန်းမှ ၁၇၂ ဦး၊ ပုလောမြို့နယ် နတ်စင်ကုန်းအကျဉ်း စခန်းမှ ၄၈ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးအသက်ကယ်စခန်းမှ ၁၅၉ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၂၄၀ ဦးကို လွှတ် ပေးလိုက်ခြင်းဖြစ်သည်။ ယင်းလွှတ်ပေးလိုက်သူများတွင် ထိုင်းနိုင်ငံသား ခြောက်ဦး၊ ဘင်္ဂလီ နှစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦး စုစုပေါင်း နိုင်ငံခြားသား ကိုးဦးပါဝင်ပြီး အမျိုးသား ၁၀၆၈ ဦး၊ အမျိုးသမီး ၅၈ ဦးပါဝင်သည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအထဲတွင် မူယစ်ဆေးအမှုဖြစ်ထောင်ကျနေသူများ၊ […]

အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်နှင့် ဆီဈေးတက်

diz_admin

February 15, 2021

အာဏာသိမ်းပြီးနောက် တစ်ပတ်အတွင်း မြိတ်တွင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့်ဆီဈေး တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာမသိမ်းမီ ဈေးကွက်ပေါက်ဈေးအရ ၂၄ ပြည်ဝင် ၁၀၈ ပေါင်ရှိ ဆန်တစ်အိတ်၏ ဈေးနှုန်း နှစ်သောင်း ခုနစ်ထောင်ကျပ်ရှိခဲ့ရာမှ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်သုံးသောင်းအထိ ဈေးတက်ခဲ့ကြောင်း မြိတ်မြို့ရှိ ဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “ဧရာဝတီတိုင်း ကဝယ်တဲ့ဟာ ဈေးတက်သွားလို့ ကျွန်တော်တို့လည်း ဈေးတင်ပြီး ရောင်းနေရတာ” ဟု နောက်လယ်ဈေးအနီး ဆန်ရောင်းချသူ တစ်ဦးကပြောသည်။ဆန်ဈေးတက်သလို စားသုံးဆီများလည်း အလားတူဈေးတက်ခဲ့ကြောင်း သိရသည်။ စားသုံးဆီ ဆယ်ပိသာ ခြောက်ဆယ် ဝင်ဆန့်သည့် ဆီတစ်ပုံးဈေးမှာ အာဏာမသိမ်းမီက နှစ်သောင်း ခြောက်ထောင်ရှိခဲ့ရာမှ ယခုအခါ သုံးသောင်းတစ်ထောင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ဆန်ကုန်သယ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း […]

တနင်္သာရီတိုင်း Mytel ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်း

diz_admin

February 15, 2021

တနင်္သာရီတစ်တိုင်းက Mytel ကုမ္ပဏီရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်းတောကြောင်း ယင်းကုမ္ပဏီက ဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုသည်။ တစ်တိုင်းလုံးရှိ ဝန်ထမ်း ၂၃၀ ကျော်မအလုပ်ဆင်းတော့ဘဲ ဆယ် ဂဏန်းခန့်သာအလုပ်ဆင်းနေကြောင်း ယင်းအမျိုးသားက ပြောသည်။ အလုပ်မဆင်းပါက ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုရှင်း ပြပြီးမှ အလုပ်မဆင်း လှုပ်ရှားမှုတွင် ပါဝင်ကြောင်း လက်မှတ်ရေးထိုးပြီးပါဝင်ကြခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသား က ရှင်းပြသည်။ “လုပ်သင့်တယ်ထင်လို့လုပ် တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ထုတ်ကုန်ကို ပြည်သူတွေ သုံးမှ ကျွန်တော်တို့ထမင်းစားရတယ်လေ။ ဒီအချိန်မှာ ကိုယ့်မိသားစုကိုပဲ ကြည့်နေလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေဖြစ်တဲ့ အတွက် သူတို့နဲ့အတူတူ ရပ်တည်ရမယ်” ဟု ၎င်းကဆိုသည်။ အလုပ်မဆင်းဘဲနေခြင်းသည် ကုမ္ပဏီကိုတိုက်ခိုက်လိုခြင်းမဟုတ်ဘဲ စစ်အာဏာရှင်ကို တွန်းလှန်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။