BREAKING
May 10, 2025

ဓာတ်ပုံ သတင်း

လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် ပြည်သူ့အာဏာ အမှတ်တံဆိပ်သင်္ကေတများ ရေးဆွဲဆန္ဒပြ

Dawei Watch

November 4, 2024

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် People Power ပြည်သူ့အာဏာ လက်သီးဆုပ် သင်္ကေတများကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်က ရေးဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်စနစ်လက်အာက်က လွတ်မြောက်ရေးအတွက် ပြည်သူလူထု ပိုင်ဆိုင်သည့် နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြရန် အသိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင် (DDMSC) ထံမှ သိရသည်။

မြိတ်မြို့၊ လေးကျွန်းဆီမီး သိမ်တော်ကြီးစေတီ၏ ဝါကျွတ်နေ့​မြင်ကွင်း​

Dawei Watch

October 18, 2024

မြိတ်မြို့ ၊ လေးကျွန်းဆီမီး သိမ်တော်ကြီးစေတီတွင် ယနေ့​သီတင်းကျွတ် လပြည့်ကျော်တစ်ရက် (ဝါကျွတ်နေ့) (အောက်တိုဘာ ၁၈)​ ညပိုင်း၌ ဘုရားဖူးလာသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယနေ့ မိုးအနည်းငယ်ရွာနေသော်လည်း ဘုရားဖူးများ လာရောက်နေကြသည်ဟု ဘုရားဝေယျာဝစ္စ လုပ်သူများကဆိုသည်။ လပြည့်နေ့ကလည်း ညနေပိုင်းတွင် မိုးလေကင်းစင်၍ ဘုရားဖူးများဖြင့် စည်ကားခဲ့သော်လည်း ညပိုင်းတွင် မိုးသည်းသဖြင့် ဘုရားဖူးလာရောက်သူနည်းသွားသည်ဟု ၎င်းတို့ကဆက်ပြောသည်။ မြိတ်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဝတ်အသင်းပေါင်းစုံ ရွတ်ဖတ်သည့် အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကိုလည်း သီတင်းကျွတ်လဆန်း ၁၂ရက်မှ လပြည့်နေ့အထိ ​လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ တွင်ပြုလုပ်ခဲ့သေးသည်။

သရက်ချောင်းနှင့် ထားဝယ်အရှေ့တောဒေသ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်

Dawei Watch

October 18, 2024

သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၁၇ ရက်) ညက ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် နှင့် အရှေ့တောဒေသတို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။ သရက်ချောင်းမြို့နယ် သပိတ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်  သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဆိုင်ကယ်များဖြင့်ချီတက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထားဝယ်အရှေ့တောဒေသတွင်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု အ​ဖြစ် ” တော်လှန်ဆီမီး ၊ ဓမ္မကိုပူဇော်၊ အဓမ္မကို ငြင်းဆန်” ဟု ဆီမီးဖြင့် စာလုံးပုံဖော် ထွန်းညှိခြင်းနှင့် ” အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ” စာသားများချိတ်ဆွဲထားသည့် မီးပုံးပျံများ လွှတ်တင်ခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။

ထားဝယ်ဘုရားကြီးနှင့် ဝဲကျွန်းကျိုက်ထီးရိုး သီတင်းကျွတ်လပြည့်ညမြင်ကွင်းများ

Dawei Watch

October 17, 2024

ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၁၇) ရက်ညတွင် ဘုရားလာဖူးသူများဖြင့် စည်ကားနေကြောင်း မြို့ခံများထံမှ သိရသည်။ အဖိတ်နေ့ညတွင် လာရောက်သူနည်းပါးခဲ့သော်လည်း လပြည့်နေ့ ညဦးပိုင်းတွင် ဘုရားကြီးရှေ့ရှိ လမ်းမတွင် ယာဥ်ကြော ကျပ်သွားသည်အထိ ဘုရားဖူးများလာရောက်ခဲ့ကြောင်း မြို့ခံဘုရားဖူးများက ပြောသည်။ ယခင်ကကဲ့သို့ အုပ်စုလိုက်၊ အသင်းအဖွဲ့အလိုက် ဆီမီးအလှပုံဖော်၍ ထွန်းညှိသူများမရှိတော့သော်လည်း ဆီမီးခွက်စီတန်းထွန်းရန်ပြင်ဆင်နေသူများ၊ မီးပုံးပျံ လွှတ်သူများ၊ အအေးလာလှူသူများနှင့် ဘုရားဖူးများကို တွေ့ရကြောင်း ဆိုသည်။ ဝဲကျွန်းရပ်ကွက်၊ ကျိုက်ထီးရိုးကျောင်းတိုက်ရှိ ကျိုက်ထီးရိုးပုံတူစေတီတွင် စတုဒီသာလှူဒါန်းနေပြီး ဘုရားဖူးများလာရောက်၍ ဆီမီးပူဇော်နေကြသည်ကိုလည်း မြင်တွေ့ရသည်။ သီတင်းကျွတ်ကာလတွင် ထားဝယ်သူ၊ ထားဝယ်သားများ အမှတ်ရအောက်မေ့ဖွယ်အဖြစ် Dawei Watch က မှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည်။

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ရှင်ဆံတော် သီတင်းကျွတ်လပြည့်ညမြင်ကွင်းများ

Dawei Watch

October 17, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ရှင်ဆံတော် စေတီတော်၏ ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၁၇) ည ၆ နာရီခန့်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ညနေပိုင်းတွင် ပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးများဖြင့်စည်ကားခဲ့ပြီး ညပိုင်းတွင်မိုးရွာသဖြင့် မြို့ခံဘုရားဖူးအနည်းငယ်သာကျန်ကြောင်း စျေးသည်များကဆိုသည်။ အဖိတ်နေ့ နံနက်ပိုင်းတွင်မူ ထားဝယ်ဒေသမှ ရပ်ဝေးဧည့်သည်များအပြင် မွန်ပြည်နယ်မှ ရပ်ဝေးဘုရားဖူးဧည့်သည်အချို့လည်း ဘုရားဖူးလာရောက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ဘုရားရင်ပြင်ပေါ်တွင် ယခင်က ဂေါပကအဖွဲ့က စီစဥ်လေ့ရှိသည့် ဝတ်ရွတ်ပွဲ ၊ မီးထွန်းပွဲနှင့် မီးပုံးပျံလွှတ်ပွဲစသည့် ဘာသာရေးအခမ်းအနားများမှာမူ ကျင်းပခြင်း မရှိကြောင်း ဘုရားဖူးများထံမှ သိရသည်။ ရှင်ကိုးရှင်စာရင်းဝင် ဘုရားများဖြစ်သည့် လောင်းလုံးမြို့နယ်က ရှင်မော်တောင်ဘုရားနှင့် ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရားကြီးတို့ မှာ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာအတွင်းရှိနေသဖြင့် ယခုနှစ်တွင် […]

ထားဝယ်တွေ ဆင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက သီတင်းကျွတ်မီးထွန်းပွဲ

Dawei Watch

October 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းမှာ ထားဝယ်‌ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံသားတွေ ဒီကနေ့ညမှာ ကျင်းပတဲ့ သီတင်းကျွတ်ပွဲတော် ဆီမီးပူဇော်ပွဲရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

ကော့စမွေကျွန်းက မြန်မာများ၏ သီတင်းကျွတ်လပြည့် စတုဒီသာအလှူ

Dawei Watch

October 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ အောက်တိုဘာ ၁၇ ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။ ပွဲသို့ လာရောက်သူများသည် ဘုရားဆီမီးပူဇော်နိုင်သကဲ့သို့ ရဟန်းသံဃာကိုလည်း သင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။ လာရောက်သူများကိုလည်း စတုဒီသာမုန့်ဈေးတန်းပေါင်း ၅၀ နီးပါးက ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ထားဝယ်မုန့်လက်သုပ်၊ သနပ်မုန့်တီ၊ ရခိုင်မုန့်တီ၊ ရေခဲမုန့်၊ ကြက်ကြော်၊ ကြာဇံချက်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

ထားဝယ်က ရွှေသာလျောင်း နိဗ္ဗာန်စျေးပွဲ

Dawei Watch

October 17, 2024

ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအုပ်စုတွင် တည်ရှိသည့် လောကသရဖူ လျောင်းတော်မူ ရွှေသာလျောင်း ဘုရားကြီးတွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၁၇)​ တွင် နိဗ္ဗာန်စျေးနှင့် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပခဲ့သည်။ နိဗ္ဗာန်စျေးပွဲတော်ကို ပထမအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ဆီမီးတစ်ထောင်ပူဇော်ပွဲကိုမူ တတိယအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ကြောင်း နိဗ္ဗာန်စျေးအလှူရှင်တစ်ဦးကပြောသည်။ ညနေ ၄ နာရီမှ စတင်ကာ ည ၈ နာရီအထိ ကျင်းပမည်ဟု သိရသည်။ ယခုကျင်းပသည့် နိဗ္ဗာန်စျေးနှင့်ဆီမီးထွန်းပွဲသည် ကနိုင်းဒါအုပ်စု ရှိ ကနိုင်းဒါ၊ အလယ်ကုန်း ၊ကူးတို့ ၊ ကဒင်ဝ ရွာလေးရွာ နှင့် ပတ်ဝန်းကျင်ရွာများ မှ စေတနာရှင်များ၏စုပေါင်းအလှူဖြစ်သည်ဟု နိဗ္ဗာန်စျေးအလှူရှင်များကဆိုသည်။