BREAKING
May 13, 2025

ဓာတ်ပုံ သတင်း

မောင်းမကန်ကမ်းခြေမြင်ကွင်း

diz_admin

July 6, 2022

လှိုင်းကြီးနိုင်ကြောင်း ကြေညာထားသော်လည်း တနင်္သာရီတိုင်း မောင်းမကန်ကမ်းခြေတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ကို ယနေ့မနက်ပိုင်းက မြင်တွေ့ရစဉ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေအထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။ ယင်းအပြင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း Andaman ကျွန်းအနီး ရန်ကုန်မြို့မှတောင်ဘက် ၄၃၀ မိုင်ကျော်အကွာ ပင်လယ်ကြမ်းပြင်အောက်တွင် ယနေ့နေ့လယ် ၂ နာရီ ၃၄ မိနစ်ခန့်က မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီရေလှိုင်းအန္တရာယ်မရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးအတွင်း နှစ်ဆန်းတစ်ရက်နေ့ မြင်ကွင်းများ

diz_admin

April 17, 2022

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးအတွင်း ဘုရားဖူးဧည့်သည်းများဖြင့် စည်ကားလျက်ရှိသည်ကို မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ )ရက် ညနေပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ – Dawei Watch

သင်္ကြန်အကျနေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

April 14, 2022

သင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့ (ဧပြီ ၁၄) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က ထားဝယ်မြို့လမ်းများတွင် လူအသွားအလာ မရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။ ရေပတ်ကစားသူများ တွေ့ရခြင်းလည်း မရှိပေ။

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများ

diz_admin

April 11, 2022

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများကို ယနေ့ (ဧပြီ ၁၁) နေ့လယ်ပိုင်းက တွေ့မြင်ရခြင်း ဖြစ်သည်။ ဓာတ်ပုံ – Dawei Watch

အသံတိတ်နေသည့် သရက်ချောင်းမြို့

diz_admin

February 1, 2022

သရက်ချောင်းမြို့ရှိ လမ်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁) အသွားအလာတိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် အသံတိတ်သပိတ်ပြုလုပ်နေကြသည်။

အသွားအလာ တိတ်ဆိတ်နေသည့် ကလိန်အောင်မြို့

diz_admin

February 1, 2022

နိုင်ငံတဝန်း အသံတိတ် သပိတ်ပြုလုပ်နေကြသည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကလိန်အောင်မြို့၌လည်း လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

မြိတ်မြို့ အသံတိတ်သပိတ်

diz_admin

February 1, 2022

မြိတ်မြို့တွင် ပြည်သူများ ယနေ့ (ဖေဖော်ဝါရီ ၁) အသံတိတ်သပိတ် ပြုလုပ်နေကြသဖြင့် မြိတ်မြို့ပေါ်ရှိ လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို နံနက် ၁၁ နာရီဝန်းကျင်တွင် တွေ့မြင်ရခြင်းဖြစ်သည်။

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

February 1, 2022

ထားဝယ်မြို့ လမ်းများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၉ နာရီခွဲတွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) လုပ်နေကြခြင်း ဖြစ်သည်။