BREAKING
May 9, 2025

ဓာတ်ပုံ သတင်း

ထားဝယ်မြို့တွင် တပေါင်းလပြည့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူ‌ဇော်

Dawei Watch

March 13, 2025

ထားဝယ်မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလပြည့်နေ့ဖြစ်သည့် ယနေ့ (မတ် ၁၃) ညနေပိုင်းမှစ၍ ထားဝယ်မြို့တွင် ပထမဆုံး ကျင်းပနေသည်။ ယနေ့ ညနေ ၄ နာရီကစပြီး ရွှေတောင်စားစေတီတော်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းရှေ့မှ ဆရာတော်၊ သံဃာတော်များ ပရိတ်ရွတ်ဖတ်ကာ စတင်ထွက်ခွာခဲ့သည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ရာလမ်းကြောင်းအတိုင်း ဆရာ တော် သံဃာတော်များက ပရိတ်တရားပူဇော်သွားမည်ဖြစ်သည်။ တပေါင်းလပြည့်နေ၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ထားဝယ်မြို့ခံပရဟိတအသင်းများက ပထမအကြိမ်အဖြစ် စုပေါင်းကျင်းပနေခြင်းဖြစ်သည်။ ဝေရာဝစ္စကုသိုလ်အဖြစ် မြို့ခံပရဟိတအသင်းအဖွဲ့ မော်တော်ယာဉ်များ၊ ပရဟိတ အသင်းသူအသင်းသားများ က ကုသိုလ်ပြုပါဝင်နေကြသည်။ ပရိတ်တရား ချီးမြင့်ရာလမ်းကြောင်းတစ်လျှောက်တွင် လည်း မြို့ခံများက ပဒေသာပင်၊ပန်း၊ဖ‌ရောင်းတိုင် ၊အမွေးနံ့သာ ရေချမ်းများဖြင့် လှူဒါန်းပူးဇော်ပါဝင်နေကြသည်ကိုတွေ့ရသည်။

သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး

Dawei Watch

March 10, 2025

သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာ၌ ယနေ့ မတ်လ ၁၀ ရက် ညနေပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း မြတ်ပါရမီပရဟိတအသင်း (သရက်ချောင်း) ထံမှ သိရသည်။ မြိတ်ဘက်မှ လာသည့် ကုန်တင်ယာဉ်နှင့် ထားဝယ်ဘက်မှ လာသည့် Toyota Townace အမျိုးအစားကားတို့ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပန်းပြင်ရွာရှိ လမ်းပိုင်းတစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကုန်ကားက လမ်းဘေးကျသွားတယ်။ ကားငယ်က အရှေ့ပိုင်းကြေသွားတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Townace ကား၏ အရှေ့ခန်း၌ လိုက်ပါလာသည့် အသက် ၃၀ နှင့် ၄၀ နှစ် ကြား အရွယ်ရှိ အမျိုးသမီးနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း […]

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လောင်းလုံးတွင် ချီတက်ဆန္ဒပြ

Dawei Watch

March 8, 2025

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော ယနေ့(မတ် ၈)တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ “တော်လှန်သောနှင်းဆီများ ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်မလေ” ဘန်နာကိုကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများပပျောက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လွတ်လပ်လုံခြုံသည့် လူ့ဘောင်သစ် တည်ဆောက်ရေးတို့အတွက် အာဏာရှင်များ၏ဖိနှိပ်မူအပါအဝင် မတရားဖိနှိမှုများကို တိုက်ဖျက်သွားကြရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ(ထားဝယ်) ကထုတ်ပြန်သည်။

ထားဝယ်မြို့က ပန်းမွေ့ရာပူဇော်ပွဲနှင့် ရိုးရာမုန့်စတုဒီသာ အလှူ

Dawei Watch

March 1, 2025

ထားဝယ်မြို့ ၊ ဘုရားကြီးပရဝဏ်အနီး တည်ရှိသည့် မရမ်းပင်ကျောင်းတွင် ပန်းမွေ့ရာပူဇော်ပွဲနှင့် ထားဝယ်ရိုးရာ မုန့်စတုဒီသာ အလှူပွဲကို ယနေ့ (မတ်လ ၁ ၊ တပေါင်းလဆန်း ၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ မင်းတုန်းမင်း၏ မိဖုရားကြီးဆင်ဖြူမရှင်(ထားဝယ်သူ) က ပစ္စည်းလေးပါး ဒါယိကာမခံ၍ ကိုးကွယ်ခဲ့သော ပျံလွန်တော်မူသွားပြီဖြစ်သည့် မရမ်းပင်ကျောင်းတိုက် မူလဆရာတော်ကြီးအား ပန်းမွေ့ရာခင်း၍ ဆရာတော်အစဥ်အဆက် ပူဇော်ပွဲ ကျင်းပကြခြင်းဖြစ်သည်။ ပန်းမွေ့ရာပူဇော်ပွဲနှင့်အတူ စတုဒီသာ အလှူအဖြစ် ထားဝယ်ရိုးရာမုန့်များကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။ တပေါင်းလဆန်း( ၃ ) ရက်နေ့တိုင်း ပန်းမွေ့ရာပူဇော်ပွဲနှင့် ရိုးရာမုန့်စတုဒီသာ အလှူကို မရမ်းပင်ကျောင်းတွင် နှစ်စဥ် ပြုလုပ်ကျင်းပလေ့ရှိသည်။

ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း လေးနှစ်ပြည့် လောင်းလုံးတွင် ချီတက်ဆန္ဒပြ

Dawei Watch

February 28, 2025

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြချီတက် လှုပ်ရှားမှု တစ်ခုကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေပိုင်းက လောင်းလုံးမြို့နယ်တွင်ပြုလုပ်ခဲ့သည်။ “လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်ဖြင့် ထားဝယ်ခရိုင်သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းချီတက်ဆန္ဒပြပွဲတွင် ၂၀၂၁ ဖေဖော်ဝါရီလ ‌၂၈ ရက်က ကျဆုံးသွားသူလေးဦးအပါအဝင် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသူများကို အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ အမှတ်တရကဗျာရွတ်ဆိုခြင်းတို့ပြုလုပ်ခဲ့ကြသည်။ ထားဝယ်မြို့ပေါ်တွင် ပြည်သူလူထု သိန်းချီပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကျည်အစစ်အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကိုဗညားအောင် ၊ ကိုဖေသန်း(ခ)နောင်ငို ၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်နှင့်ကိုလွင်လွင်ဦး တို့ လေးဦး ကျဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည် […]

ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲကျင်းပ

Dawei Watch

February 12, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၂) တပို့တွဲလပြည့်ည၌ ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပခဲ့ကြသည်။ ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲများကို ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် တပို့တွဲလပြည့်ည၌ နှစ်စဉ်ကျင်းပလေ့ရှိရာတွင် ကိုဗစ်ကာလမှစတင်ကာ ရပ်နားထားခဲ့သော်လည်း ယမန်နှစ် ၂၀၂၄ ခုနှစ်မှစကာ ပြန်လည်ကျင်းပခဲ့ကြသည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။

ထားဝယ်မြို့က ဟိန္ဒူဘာသာဝင်များ၏ သိုက်ရ်ပူးဆွမ်းပွဲတော်

Dawei Watch

February 11, 2025

ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ စရီးစူပဠာမဏီး ဟိန္ဒူဘုရားကျောင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက သိုက်ရ်ပူးဆွမ်း အပ်ထိုးပွဲတော်ကို ကျင်းပခဲ့သည် ။ ကိုဗစ်ကာလကတည်းက ထားဝယ်မြို့တွင် လှည့်လည်အပူဇော်ခံခြင်းမပြုတော့သည့် စရီးစူပဠာမဏီးဟိန္ဒူ ဘုရားကို ယခုနှစ်တွင် ထားဝယ်မြို့တွင်း ပြန်လည်လှည့်လည် အပူဇော်ခံခဲ့သည် ။ လှည့်လည်အပူဇော်ခံရာတွင် ဘုရားလှည်းများသာပါဝင်ပြီး ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားလှည့်ပွဲကဲ့သို့ ပဒေသာပင်ကား ၊ ဖျော်ဖြေရေးယာဥ် များမပါဝင်သလို ပါဝင်ဆင်နွှဲသူလည်း နည်းပါးကြောင်းတွေ့ရသည် ။ ဘုရားမလှည့်မီ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ဘုရားကျောင်းတွင် ပူဇော်ပွဲ ၆ ရက် ကျင်းပခဲ့သေးသည် ။ သိုက်ရ်ပူးဆွမ်းပွဲတော်ကို ဟိန္ဒူကျမ်းဂန်လာအရ စရီးစူပဠာမဏီး ဘုရား မှ ဆုရပဒမ်း အသူရာကို နှိမ်နင်းအောင်မြင်တော်မူခြင်း အထိမ်းအမှတ်ဖြင့် ကမ္ဘာနိုင်ငံအသီးသီးရှိ ဟိန္ဒူဘာသာဝင်များ […]

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် သရက်ချောင်းတွင် ချီတက်ဆန္ဒပြ

Dawei Watch

February 1, 2025

သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁)​ မနက်ပိုင်းတွင် “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်​ဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည် ။ လောင်းလုံးမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် လူထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြခဲ့ကြသည် ။