သင်္ကြန်အကျနေ့ ထားဝယ်မြို့ မြင်ကွင်း
Dawei Watch
April 14, 2025ထားဝယ်မြို့၊ မြို့တော်ခန်းမအနီးက ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကျနေ့(ဧပြီ ၁၄)၌ ရေကစားသူ ယမန်နေ့ကထက် ပိုများလာသည်။ မြို့ပေါ်ရပ်ကွက်များတွင်လည်း ရေကစားသူများ ၊ ရေပက်သူများဖြင့် စည်ကားနေသည်။ မြို့တော်ခန်းမအနီး ရေကစားမဏ္ဍပ်အနီးတွင်စစ်ကောင်စီက လုံခြုံရေးများချထားသည်။ ထားဝယ်မြို့တွင် ဧပြီလ ၁၁ ရက်ကတည်းကစ၍ ကလေးသင်္ကြန်ပြုလုပ်၍ ရေကစားနေကြခြင်းဖြစ်သည်။