“တချို့အလုပ်သမားတွေက တောင်းပန်နေတာရှိတယ် … ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး”
diz_admin
December 7, 2020ဖဒိုဝင်းခိုင်( KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ) တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်မှုများ ရှိနေသည်။ ယင်းသို့ တရားမဝင်ရွှေတူးဖော်နေသည့်နေရာသည် တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၏ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် တပ်မဟာ ၄ ကရင် အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က သွားရောက်တွေ့ဆုံမေးမြန်းမှုမှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ မေး- KNUရဲ့ လှုပ်ရှားရာနယ်မြေထဲ မှာပါတဲ့ ဇင်းဘာချောင်းမှာ တရားမဝင်ရွှေလုပ်ငန်း တွေရှိနေတယ်။ ဒီဟာနဲ့ပတ်သက်ပြီး KNU ဘက်က ဘာတွေလုပ်ဆောင်နေတာရှိလဲ။ ဖြေ- ပထမ သိတာက လူထုတွေလက်လုပ် လက်စားတွေလုပ်လာတာ။ နောက်ပိုင်းမှာ ယန္တရား တွေဘာတွေနဲ့လုပ်လာကြတယ်။ လောလောဆယ်က တော့ အကုန်လုံးပိတ်လိုက်ပြီ။ ပိတ်လိုက်တာက […]


