၀န်ထမ်းတွေ အတွက်ပါပဲ
diz_admin
December 19, 2020မော်တော်ယာဉ်လိုင်းများ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ခရီးသွားလာမှုများအား ပိတ်ပင်ထားရာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများလည်း ရပ်နားခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ရင်ဖွင့်သံအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ (ရွှေမြင်းပျံယာဉ်လိုင်း) ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်မှစ အကုန်လုံးခက်ခဲတာပေါ့။ ဂိတ်ရှိတယ်ဆိုတော့ ဝန်ထမ်းတွေ ရှိတယ်လေ။ သူတို့စားဝတ်နေရေး ပြေလည်ပါစေဆိုပြီး စားသုံးကုန်လောက်သာ တင်ပြီး ဆွဲနေတာပါ။ အရင်ကထက်စာရင် လုပ်ငန်းရပ်ဆိုင်းနေတဲ့ သဘောရှိတာပေါ့။ ရေရှည် ဒီလိုမျိုး ဆက်ဖြစ်နေဦးမယ်ဆို ခပ်ရှင်းရှင်းပြောရရင် ဦးတို့မှာ ယာဉ်တွေ၊ အဆောက်အအုံတွေ အားလုံးဆုံးရှုံးသွား နိုင်ပါတယ်။ အများနဲ့ ဖြစ်နေတာဆိုတော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းရပ်တည် နေတဲ့သူတွေက ထိခိုက်မှု နည်းမယ်လေ။ တခြားငွေနဲ့ လုပ်တဲ့သူတွေအတွက် […]


