ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

အယ်ဒီတာထံပေးစာ

diz_admin

January 9, 2021

ဤခရီးနီးပါပြီ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် များပြားလှစွာသော တောင် စဉ်တောင်တန်းတောအုပ်ကြီးများဖြင့် ကာရံနေပြီး ထိုအလွန်တွင် ထိုင်းနိုင်ငံရှိသည်။ အနောက်ဘက်တွင် ပင်လယ်ပြင်ကြီးရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်လုံးကို ရင်သပ်ရှုမောဖွယ်ရာ ကျွန်းအလှ၊ ပင်လယ်အလှများဖြင့် တန်ဆာဆင်ထားသည်။ ရပ်နီး ရပ်ဝေးမှ ခရီးသွားပြည်သူများသည် ထိုကျွန်းအလှ၊ ပင်လယ်အလှများကို လာရောက်ကြည့်ရှု အပန်းဖြေအနားယူကြသည်။ ကြိုးစားလေကြ တိုင်းအစိုးရတနင်္သာရီတိုင်းဒေသကြီးအစိုးရသည် မိမိတို့ တိုင်းဒေသကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား နေကြသည်။ ထိုတွင် လမ်း၊ တံတာများကို အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုတွင် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျလှပါသည်။ ယခင်အစိုးရများလက်ထက်တွင် မဆောင်လုပ်ရသေးသော မြစ်ချောင်းများပေါ်တွင် တံတားများ တစ်စင်းပြီးတစ်စင်း “ဘွားကနဲ၊ ဘွားကနဲ” ပေါ်လာသည်။ သမုတ်+လွတ်လွတ်တံတား၊ ဝင်းဝ+မင်းဒပ်တံတား၊ တနင်္သာရီတံတား စသည်တို့ […]

နှစ်ဦးစကား

diz_admin

January 4, 2021

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ကိုဗစ်နှစ်ဟုပင် ကင်ပွန်းတပ်နိုင်သည့် ၂၀၂၀ ပြည့်နှစ် ရက်စွဲများ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ကိုဗစ်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကိုင်လှုပ်လိုက်သော ကပ်ဘေး တစ်ခုသက်သက်မျှ မဟုတ်ပါ။ လူသားတို့ နေထိုင်မှုပုံစံ၊ စားသုံးမှုပုံစံ၊ အစိုးရတို့ မူဝါဒချမှတ်မှုပုံစံများကို ပြောင်းလဲရန် ကျယ်လောင်စွာ မြည်ဟိန်းလိုက်သော ခေါင်းလောင်းထိုးသံတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာလုံးချီစနစ်သည် ကပ်ဘေးအတွက် အဓိက လက်သည်ဖြစ်သည်။ အမြတ်သာ ပဓာန စီးပွားရေး စနစ်ကြောင့် တောတောင်ရေမြေ သဘာဝနှင့် သားရဲတိရစ္ဆာန်စားကျက်များကို ပျက်စီးစေပြီး ကပ်ရောဂါဖြစ်လာစေသည်။ အစိုးရများသည် ထုတ်ကုန်တန်ဖိုး GDP (ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုး) ကိန်းဂဏန်းများ တက်ရေးကိုသာ အာရုံစိုက်ခဲ့မှုကြောင့် လူတို့အတွက် အရေးကြီးသော ဂေဟစနစ်များကို စတေးလိုက်ရသည်။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် လူသားတို့မှာ သဘာဝဘေးများ၊ […]

ကိုဗစ်ပိုးထိ ဘဝများ

diz_admin

January 2, 2021

ကိုဗစ်ရောဂါဘေးကြောင့် အစိုးရ၏ စီမံမှုယန္တရားများ ပြောင်းလဲခဲ့ရသည်။ အချို့သော အစိုးရ စီမံခန့်ခွဲရေးအလုပ်များ နှောင့်နှေးခဲ့ရပြီး ယင်းကြောင့် ပြည်သူအချို့၏ ဘဝ နစ်နာခဲ့ရသည်။ ထိုသို့သော နစ်နာရသည့် ဘဝများအနက် ထားဝယ်မြို့တွင် အဖမ်းခံရသည့် လယ်သမား ခုနစ်ဦးအနက် ငါးဦးမှာ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ နှစ်ဦးမှာ အာမခံရခဲ့သည်။ အာမခံမရသူများမှာ ကိုဗစ်ကပ်ဘေးကြောင့်ဟုဆိုကာ မိသားစုနှင့် တွေ့ခွင့်မရခြင်း၊ တရားရုံးသို့ အမှုရင်ဆိုင်ရခြင်း မရှိဘဲ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ ယင်းတို့ ငါးဦးအနက် ဦးသောင်းညွန့်၊ ဒေါ်ရီထွေးနှင့် မသန္တာစု တို့ သုံးဦး၏ မိသားစုဝင်များကို မေးမြန်းထားပါသည်။ ယင်းအပြင် အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးပေးရန် အစိုးရ ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း နစ်နာကြေးမရရှိသေးဘဲ ကြန့်ကြာနေသဖြင့် စားဝတ်နေရေး အခက်ဖြစ်နေရသော မြိတ်မြို့မှ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ […]

ကိုဗစ်-၁၉ ကိုက်ခံရသည့် ပြည်သူ့သတင်းသိပိုင်ခွင့်

diz_admin

December 29, 2020

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းသည့် ၂၀၁၁ ခုနှစ်မှစပြီး အများပြည်သူ သတင်းသိပိုင်ခွင့်များမှာ တစတစ တိုးတက်လာသည်။ ဦးသိန်းစိန် အစိုးရလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရလက်ထက်တွင် ယခင် စစ်အစိုးရလက်ထက်ကထက် ပြည်သူများ၏ သတင်းသိပိုင်ခွင့် ပိုတိုးလာသည်မှာ အငြင်းပွားဖွယ်ရာ မရှိပေ။ ထိုသို့ အထိုက်အလျောက်တိုးတက် မှု ရှိနေခဲ့သော ပြည်သူတို့၏ သတင်း သိပိုင်ခွင့်အခြေအနေသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း အကန့်အသတ်များ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် သတင်းသိပိုင်ခွင့်အခြေအနေမှာ အခန်းအောင်းနေခဲ့ပြီဖြစ်သည်။ ပြည်သူများသတင်းသိပိုင်ခွင့်မှာလည်း ၎င်းတို့၏နေ့စဉ်ဘဝ ရှင်သန်ရပ် တည်နိုင်ရေးနှင့် ဘဝအတွက်အရေး ကြီးသည့် ဆုံးဖြတ်ချက်ချမှတ်သည့် အချိန်တို့တွင် အသက်တမျှအရေးကြီး သည့်အလျောက် သက်ဆိုင်ရာအဖွဲ့ အစည်းများဘက်ကလည်း သတင်းထုတ် ပြန်ခြင်းကို အချိန်နှင့် တစ်ပြေးညီထုတ် ပြန်ရေး၊ အများပြည်သူ နားလည်သဘော ပေါက်လွယ်ကူစေနိုင်မည့် အရေးအသား […]

ပြန်မရနိုင်တော့သည့် ကြွယ်ဝမှု

diz_admin

December 28, 2020

ကိုဗစ် ကပ်ဘေး ကာလအတွင်း လူအများ ခရီးသွားလာခွင့် ကန့်သတ်မှု များပြားသည်နှင့် အမျှ အပန်းဖြေ လည်ပတ်စရာ ရှားပါးလာသည်။ ကမ်းခြေ၊ ရေတံခွန်၊ ဘုရားစေတီများ လူစုလူဝေး ခွင့်မပြုဘဲ ပိတ်ထားခြင်းကြောင့် သွားရောက် လည်ပတ်စရာ နေရာသစ်များ ရှာဖွေလည်ပတ်လာကြသည်။ ယင်းတွင် တောင်တက်ခရီးသွားခြင်း၊ တောတွင်း လမ်းလျှောက်ခြင်း၊ စခန်းချခရီးသွားခြင်း၊ စက်ဘီးစီးခြင်း၊ ဝေးလံသော ကမ်းခြေများသို့ ခရီးသွား အပန်းဖြေခြင်း စသည့် ပုံမှန်အားဖြင့် လူအများစု စိတ်ဝင်စားလေ့မရှိသော အပန်းဖြေလှုပ်ရှားမှုများ လုပ်ဆောင်လာကြသည်။ ယင်းသို့သော လူထု နှစ်ခြိုက်သည့် အပန်းဖြေရာ နေရာများသည် သဘာဝတောတောင်ရေမြေ ကောင်းမွန် သန့်ရှင်းသော နေရာများ ဖြစ်လေ့ရှိသည်။ ပို၍ အရေးကြီးသည်မှာ ယင်းသို့သော နေရာများသည် အများပြည်သူပိုင် နေရာများ ဖြစ်မှသာ လူထုက […]

ပျော်ရွှင်မှုသို့ တမ်းချင်း

diz_admin

December 26, 2020

ဂျာမန် ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ ဘီသိုဗင်က သူ့ရဲ့ အထင်ရှားဆုံး ဖြစ် လာမယ့် ဆင်ဖိုနီအမှတ် ၉ တေးသွားကို သူရဲ့ ဘဝနှောင်းပိုင်း အချိန်မှာ ရေးဖွဲ့ခဲ့ ပါတယ်။ ၁၇၇၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၈၂၇ ခုနှစ် အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဘီသိုဗင်က သူ မကွယ်လွန်မီ ငါးနှစ်အလိုမှာ ဒီတေးသွားကို ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဆင်ဖိုနီအမှတ် ၉ ရဲ့ သံပြိုင်အပိုဒ် ကို “ပျော်ရွှင်မှုသို့ တမ်းချင်း (Ode To Joy)” လို့လည်း လူသိများကြပါတယ်။ မူရင်း ဂျာမန်နာမည်ကတော့ An die Freude လို့ ခေါ်ပါတယ်။ ဂျာမန်အမည် ဖြစ်တဲ့ Freude ကို အင်္ဂလိပ်ဘာသာနဲ့ […]

မြေအိပ်မက်အတွက် တရားမျှတမှု

diz_admin

December 21, 2020

တနင်္သာရီတိုင်း တောင်ပိုင်းသို့ မော်တော်ကား တစ်စီးဖြင့် ခရီးနှင်ပါက မဆုံးနိုင်သော ဆီအုန်းတောကြီးများကို တွေ့နိုင်သည်။ ထိုမှ တစ်ဆင့် အနောက်ဘက်သို့ ခရီးဆက်ပါက ရာချီသော ကျွန်းစုများကို တွေ့ရမည်ဖြစ်သည်။ ထိုနေရာ နှစ်ခု စလုံးတွင် အထင်းသား မြင်နိုင်၊ ကြားနိုင်သည်မှာ မြေယာ ပြဿနာများ ဖြစ်သည်။ မကြာသေးမီက ထိုနေရာ တစ်လျှောက် ခရီးသွားရာတွင် မြင်ရ၊ ကြုံရသည့် ပြဿနာများအနက် မြေယာ ပြဿနာလည်း ပါဝင်သည်။ ယင်းအနက် ဘဏ်လုပ်ငန်းစုကြီး နှစ်ခုနှင့် ဒေသခံတို့၏ မြေယာပြဿနာ ဖြစ်သည်။ တစ်ခုမှာ ဆီအုန်းတောများအတွင်း ဒေသခံများ ဝင်ရောက်လုပ်ကိုင်ခြင်း ကြောင့် တရားစွဲထားခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ဆလုံတိုင်းရင်းသားများ နှစ်ပေါင်းများစွာ နေထိုင် လုပ်ကိုင်လာသော ကမ်းခြေမြေယာတွင် ဒေသခံ တိုင်းရင်းသားတို့ […]

“ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး” မှသည်

diz_admin

December 20, 2020

ဒီနေ့ တနင်္သာရီဂျာနယ်မှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။ စိတ်ထဲ နစ်သွားတာပဲ။ ဆောင်းပါးခေါင်းစဉ်က “ကျွန်တော် တို့အားနဲ့ မနိုင်တော့ဘူး” တဲ့။ဆောင်းပါးက သတင်းဆောင်းပါး ဖြစ်တာကြောင့် ခေါင်းစဉ်ကိုဖတ် ကတည်းက ဒါဟာ သတင်းဖြေကြားသူ တစ်ယောက်ရဲ့ စကားဖြစ်မယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။ ဒီတော့ သတင်း ဖြေကြားသူဟာ ဘာကိုဆိုလိုသလဲ။ ကျွန်တော်တို့ အားနဲ့ မနိုင်တော့ဘူး ဆိုတာ ဘာကိုပြောချင်သလဲ။ သတင်းဖြေကြားသူ ပြောချင်တာကတော့ သူ ကိုယ်တိုင်တာဝန်ခံထိန်း သိမ်းနေတဲ့ တနင်္သာရီ သဘာဝကြိုးဝိုင်း ထိန်းသိမ်းရေးလုပ်ငန်းမှာ သူတို့မှာ လက်ရှိ ရှိနေတဲ့ လူအား၊ ငွေအင်အားနဲ့ ဒီထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ဖို့ မစွမ်းသာတော့ဘူးဆိုလိုတာပါ။ ဒီတော့ စဉ်းစားမိတာက ဘတ်ဂျက် (ငွေကြေး) မလုံလောက်တာလား။ ဝန်ထမ်းအင်အား မလုံလောက်တာလား တွေးမိကြမှာပါ။ မဟုတ်ပါဘူး။ သူတို့ […]